လီဆာ

From Wikipedia, the free encyclopedia

လီဆာ
Remove ads

လီဆာ(အမည်ရင်း: လာလီဆာ မာနိုဗန်, အမည်ရင်း ထိုင်း: ลลิษา มโนบาล လလိၑာ မနောပါလ, ၂၇ မတ် ၁၉၉၇ ~ )သည် ထိုင်းလူမျိုး ရက်ပါ၊ အဆိုတော်၊ ဒန်ဆာ၊ သရုပ်ဆောင်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ မိန်းကလေး ကေ-‌ပေါ့ အဖွဲ့ BLACKPINK အဖွဲ့ဝင်ဖြစ်သည်။[]

အချက်တိုများ လာလီဆာ, ဇာတိ အမည် ...
Remove ads

၂၀၁၆ ခုနှစ်တွင် BLACKPINK နှင့် ပွဲဦးထွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် LALISA နှင့် ဆိုလို ပွဲဦးထွက်ခဲ့သည်။ LALISA သည် ဘီလ်ဘုတ် ဟော့တ် ၁၀၀ တွင် အဆင့် ၈၄ ဝင်ခဲ့သည်။

Remove ads

ငယ်ဘဝနှင့်ပညာရေး

ပရန်ပရီယာ မနိုဗန် ကို ၁၉၉၇ ခုနှစ်၊ မတ်လ၊ ၂၇ ရက်နေ့၌ ထိုင်း နိုင်ငံ၊ ဘူရီရမ် ပြည်နယ် တွင် မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် ပရန်ပရီယာ မှ လာလီဆာ ဟု အမည်ပြောင်းလဲခဲ့သည် ။ လီဆာ သည် ထိုင်းလူမျိုး မိခင် နှင့် ဆွစ်လူမျိုး ဘထွေး တို့၏ တဦးတည်းသော သမီး ဖြစ်သည်။ လီဆာ သည် အထက်တန်းပညာကို အမှတ် ၁ ၊ ၂ ပရာဖာမွန်ထရီးကျောင်းတွင် လေ့လာဆည်းပူးခဲ့သည်။

[]

အနုပညာလုပ်ငန်းများ

၂၀၀၉ ခုနှစ် အစောပိုင်းကာလတွင် လာလီဆာသည် ကျောင်းကိုယ်စားပြု အနေဖြင့် ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ စိတ်ဓာတ်မြှင့်တင်ရေးဗဟိုဌာနကဦးဆောင်ကျင်းပပြုလုပ်သော အဆိုပြိုင်ပွဲ တခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လီဆာသည် နံပါတ်တစ်ဖြစ်ရန် (To Be Number One) အပါအဝင် အကပြိုင်ပွဲများစွာကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ [] ထို့နောက်မကြာမီ အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အကအဖွဲ့ We Zaa Cool တွင် ဝင်ရောက်ခဲ့သည်။ ဂေါ့တ်ဆဲဗင်း (Got7) အဖွဲ့ဝင် ဘမ်ဘမ် သည်လည်း We Zaa Cool အဖွဲ့ဝင်ဖြစ်သည်။ [] ၂၀၁၀ ခုနှစ်တွင် လီဆာသည် YG ဖျော်ဖြေရေးလုပ်ငန်း မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သော လူရွေးချယ်ပွဲ သို့ဝင်ရောက်ခဲ့သည်။ လီဆာသည် ၂၀၁၁ခုနစ် ဧပြီလတွင် YG ဖျော်ဖြေရေးလုပ်ငန်း ၏ ပထမဦးဆုံး နိုင်ငံခြားသား သင်တန်းသားအဖြစ်တရားဝင် စတင်ခဲ့သည်။

Remove ads

လူနေမှုဘဝ

လီဆာသည် မိခင်ဘာသာ ထိုင်းဘာသာ အပြင် အင်္ဂလိပ် ဘာသာ ၊ ကိုရီးယားဘာသာ တို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ ဂျပန်ဘာသာ နှင့် တရုတ် ဘာသာတို့ကိုလည်း အနည်းငယ်ပြောဆိုနိုင်သည်။ လီဆာ သည် အင်စတာဂရမ် တွင် followers အများဆုံးရှိသော ကေပေါ့ပ်အနုပညာရှင် ဖြစ်သည်။ []

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads