![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0d/London_-_Heathrow_%2528LHR_-_EGLL%2529_AN1572653.jpg/640px-London_-_Heathrow_%2528LHR_-_EGLL%2529_AN1572653.jpg&w=640&q=50)
လန်ဒန် ဟိသ်ရိုး လေဆိပ်
From Wikipedia, the free encyclopedia
လန်ဒန် ဟိသ်ရိုး လေဆိပ် (သို့) ဟိသ်ရိုး (IATA: LHR, ICAO: EGLL) သည် လန်ဒန်မြို့တော် ဟီလင်ဒန်မြို့နယ်တွင် တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်းတွင် အကြီးဆုံး လေဆိပ်ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်နှင့် ဥရောပတွင် ဒုတိယမြောက် ခရီးသည်ဝင်ထွက်မှု အများဆုံး လေဆိပ်ဖြစ်သည်။ [2] ဟိသ်ရိုးသည် BMI လေကြောင်း၊ ဗြိတိသျှလေကြောင်းတို့၏ ဗဟိုအချက်အချာ ဖြစ်ပြီး ဗာဂျင် အတ္တလန္တိတ် လေကြောင်း အခြေစိုက်ရာ လေဆိပ်ဖြစ်သည်။
အချက်တိုများ လန်ဒန် ဟိသ်ရိုး လေဆိပ်London Heathrow Airport, အချက်အလက်များ ...
လန်ဒန် ဟိသ်ရိုး လေဆိပ် London Heathrow Airport | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
![]() | |||||||||||||||
![]() | |||||||||||||||
အချက်အလက်များ | |||||||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||||||
ပိုင်ဆိုင်သူ | BAA Limited | ||||||||||||||
စီမံကွပ်ကဲသူ | Heathrow Airport Limited | ||||||||||||||
တည်နေရာ | လန်ဒန်မြို့၊ ယူကေ | ||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၈၃ ပေ / ၂၅ မီတာ | ||||||||||||||
ဝက်ဘ်ဆိုဒ် | www.heathrowairport.com | ||||||||||||||
ပြေးလမ်း | |||||||||||||||
| |||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (2009) | |||||||||||||||
| |||||||||||||||
ပိတ်ရန်
ဟိသ်ရိုးသည် လန်ဒန်မြို့လယ်ခေါင်၏ အနောက်ဘက် ၂၂ ကီလိုမီတာ (၁၄ မိုင်) အကွာတွင်[1] တည်ရှိပြီး အရှေ့မှအနောက်သို့ ပြိုင်တန်းနေသည့် လေယာဉ်ပြေးလမ်း ၂ လမ်းရှိသည်။ လေဆိပ် တာမီနာ အမှတ် ၅ ကို ၂၀၀၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အယ်လီဇဘက် ဘုရင်မမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။