လစ်ဗျား ပြည်တွင်းစစ် (၂၀၁၁)
From Wikipedia, the free encyclopedia
၂၀၁၁ လစ်ဗျား ဆန္ဒပြမှုသည် အာဖရိကတိုက် မြောက်ပိုင်းရှိ လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားသည့် သမ္မတ မွမ်မွာ ကဒါဖီ (Muammar al-Gaddafi) နှင့် ၎င်း၏ အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြ လှုပ်ရှားမှု ဖြစ်သည်။ ဆူပူမှုများသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ခဲ့သည်။ ယခုတစ်ခေါက် ဆန္ဒပြမှုများသည် အီဂျစ်နိုင်ငံနှင့် တူနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုများကြောင့် နိုးကြွလာပြီး လက်ရှိ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် ဆက်နွယ်နေသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။[5]
၂၀၁၁ လစ်ဗျား ဆန္ဒပြမှု 2011 Libyan protests | |
---|---|
နေ့ရက် | 15 February 2011 – ongoing |
ထိခိုက်သူများ | |
သေဆုံးသူ(များ) | 519+ [1][2][3][4] |
ဒဏ်ရာရသူ | 3,980+ |
ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဆန္ဒပြသူများသည် လစ်ဗျားနိုင်ငံ ဒုတိယ အကြီးဆုံးမြို့ ဘန်ဂါဇီကို ထိန်းချုပ်နိုင်ခဲ့ရာ အစိုးရက အထူးတပ်များ စေလွှတ်ကာ နှိမ်နင်းခဲ့သည်။[6] In Benghazi, during the course of four separate protests that took place on 20 February, more than 200 people have died.[7] နယူးယောက် တိုင်းမ်စ် (New York Times) သတင်းစာက ယခုတစ်ခေါက်သည် လတ်တလော ဖြစ်ပွားသည့် အစိုးရ၏ တုံ့ပြန်မှုများအနက် သွေးထွက်သံယိုမှု အများဆုံးဟု ဆိုသည်။[8]