လင်းနို့လူသား
From Wikipedia, the free encyclopedia
လင်းနို့လူသား(Batman) ဆိုသည်မှာ DC Comics မှဖြန့်ချိသည့် အမေရိကန်ရုပ်ပြကာတွန်းတွင် ပါဝင်သော ဇာတ်ကောင်ဖြစ်သည်။ ထိုဇာတ်ကောင်ကို အနုပညာရှင် Bob Kane နှင့် စာရေးဆရာ Bill Fingers တို့က ဖန်တီးခဲ့သည်။[1][2] ၁၉၃၉ ခုနှစ်တွင် Detective Comics #27 တွင်ပထမဆုံးပါဝင်သည်။ "လင်းနို့လူသား" ဟုခေါ်ခဲ့ပြီး ၎င်း ဇာတ်ကောင်ကို အခြားဂုဏ်ပုဒ်များ ဖြစ်သည့် the Dark Knight, the Caped Crusader, the World's Greatest Detective ဟုလည်း တင်စားကြသည်။[5]
လင်းနို့လူသား | |
---|---|
![]() Art by Mikel Janín | |
Publication information | |
ထုတ်ဝေသူ | DC Comics |
ကနဦး ပေါ်ထွက်လာမှု | Detective Comics #27 (cover date May 1939 / release date March 1939) |
ဖန်တီးသူ | |
In-story information | |
Alter ego | Bruce Wayne |
အသင်းဝင် |
|
မိတ်ဆွေ |
|
သတိပြုမိဖွယ် မဟာမိတ်များ | |
စွမ်းရည်များ |
|
လင်းနို့လူသားသည် ဘရု့စ်ဝိန်း ဆိုသူတစ်ဦးဖြစ်ပြီး မြာပွှေသော၊ချမ်းသာသော၊လူသားမျိုးနွယ်ကို ချစ်ခင်တက်သော အမေရိကန်သူဌေးတစ်ဦးဖြစ်သည်။Wayne Enterprises ၏ပိုင်ရှင်လည်းဖြစ်သည်။ သူ၏ ငယ်စဉ်ကလေးဘဝတွင် မိဘနှစ်ဦးဖြစ်သည့် မာသာနှင့် သောမတ်(စ်)ဝိန်းတို့ သူ၏မျက်စိရှေ့တွင် အသတ်ခံရသည်ကို မြင်ပြီးသည်မှစ၍ ရာဇဝတ်သားများကိုလက်စားခြေရန်နှင့် တရားမျှတမှုအတွက် သူကျိန်ဆိုခဲ့သည်။ ထို့နောက် သူ၏ ကာယပိုင်းဆိုင်ရာကိုလည်းကောင်း၊ဉာဏအားဆိုင်ရာကိုလည်းကောင်း တိုးတက်စေရန်လေ့ကျင့်ခဲ့ပြီး လင်းနို့ဝတ်စုံကိုဖန်တီးကာအစိုးရမှ အသိအမှတ်မပြုသော၊ မလိုလားသော သူတစ်ဦးအဖြစ် ရာဇဝတ်မှုများကို ဖော်ထုတ်ခဲ့သည်။ "လင်းနို့လူသား" သည် အမေရိကန် ယဉ်ကျေးမှု အိုင်ကွန်ဖြစ်ပြီး ကမ္ဘာ တလွှားမှာပါ အထင်ရှားဆုံးနှင့်အကျော်ကြားဆုံး ရုပ်ပြဇာတ်ကောင်အဖြစ်လူသိများသည်