ရှီယာ မူဆလင်၏ သမိုင်း
From Wikipedia, the free encyclopedia
ရှီအာမွစ်လင်(မ) သည် မွစ်လင်(မ)အသိုင်းအဝိုင်းအကြား စွန္နီမွစ်လင်(မ)ပြီးနောက်ဒုတိယအများဆုံးဖြစ်ပေသည်။ ရှီအာမွစ်လင်(မ)တို့သည် တမန်တော်မိုဟမ္မဒ်(ဆွ)နှင့် သူ၏အနွယ်တော်ဝင်အဲဟ်လေဘိုင်းသ်(အ.စ)တို့၏သွန်သင်မှုအတိုင်းလျှောက်လှမ်းကြသူများဖြစ်ပေသည်။ ထိုအဲဟ်လေဘိုင်းသ်(အ.စ)တို့သည် မိုဟမ္မဒ်(ဆွ)မှတဆင့် ဖှာတေမာ(စ.အ)နှင့် အလီ(အ.စ)တို့မှဆင်းသက်လာခဲ့သည့်အတွက် ရှီအာမွစ်လင်(မ)တို့သည် တမန်တော်မိုဟမ္မဒ်(ဆွ)၏ မြေးတော်များကို မိမိတို့၏ခေါင်းဆောင်၊ဦးရှောင်နှင့် လမ်းပြသူများဟု သတ်မှတ်လက်ခံခဲ့ကြလေသည်။ ရှီအာမွစ်လင်(မ)တို့အကြားတွင်လည်း စွန္နီမွစ်လင်(မ)များကဲ့သို့ ဂိုဏ်းဂဏ္ဍများအမျိုးမျိုးကွဲခဲ့လေသည်။ ထိုဂိုဏ်းဂဏ္ဍများအကြား အုပ်စု(၃)သာ နောက်လိုက်များခဲ့ပြီး ကျန်ဂိုဏ်းဂဏ္ဍများတွင်မူ နောက်လိုက်နည်းပါးလေသည်။
နိုင်ငံရေးသမိုင်းရှု့ထောင့်အရကြည့်မည်ဆိုလျှင် ရှီအာ့သမိုင်းတွင် ခေတ် အဆင့်ဆင့်ရှိခဲ့ပေသည်။ ပထမဆုံးခေတ်သည် (တမန်တော်မြတ်(ဆွ) သည် အေဒီ(၆၃၂)ခုနှစ်တွင်ကွယ်လွန်တော်မူခဲ့လေသည်။)ထိုသို့ကွယ်လွန်တော်မူသည့်ကာလမှစတင်ခဲ့ပြီး အေဒီ (၆၈၀)ခုနှစ် ကရ်ဘလာအခင်းဖြစ်ပွားချိန်ထိ ဖြစ်လေသည်။ ထိုကာလသည် အေမာမ်အလီ(အ.စ)၊ဟစန်အိဘ်နေအလီ(အ.စ)နှင့် ဟိုစိုင်းန်အိဘ်နေအလီ(အ.စ)တို့ ၏ခေတ်ကာလများဖြစ်ပေသည်။၎င်းနောက်ပိုင်းတွင် မွစ်လင်(မ)ထုကြီးအကြား၌ ရှီအာမွစ်လင်(မ)ဟူသော ဂိုဏ်းသည် ကွဲပြားစွာပေါ်ထွက်လာခဲ့ပြီး စွန္နီခလီဖှာများနှင့် ဆန့်ကျင်ဘက်တွင်ရှိခဲ့ကြလေသည်။ ထိုကာလသည် ကရ်ဘလာအခင်းဖြစ်ပွားပြီးချိန်မှ ရှီအာများအတွင်းမှ လူ(၉၀၀)ခန့်စုစည်းခဲ့မိချိန်မှစတင်ခဲ့ပြီးနောက် လူဦးရေသည်လည်း တိုးပွားလာခဲ့လေသည်။ ယင်းကာလအတွင်း ရှီအာတို့အကြားတွင် ဂိုဏ်းများအသီးသီးကွာသွားခဲ့ကြလေသည်။ ရှီအာသမိုင်းတွင် တတိယခေတ်သည် (၇၈၀-၉၇၄)ခုနှစ်တွင် မိုရိုကိုနိုင်ငံ၌ အဒ်ရီးစ်ခေတ်များအကြား ပထမဦးဆုံးရှီအာအစိုးရကို ဖြစ်ပေါ်လာခဲ့လေသည်။၎င်းနောက် အလာအဝေးဒ်ခေတ်များအကြား (၈၂၆-၉၂၈)ခုနှစ်များအတွင်း အီရန်နိုင်ငံ မာဇင်ဒရားန်(သဘဲရ်ရီစ်တာန်)ပြည်နယ်တွင် ရှီအာအုပ်ချုပ်ရေးကို ထူထောင်ခဲ့သည်။၎င်းတို့သည် ခေတ်နှစ်ဆက်တွင် အလွန်မှပင် အင်အားတောင့်တင်းသောသူများ ဖြစ်ခဲ့ကြလေသည်။(၉၀၉)ခုနှစ်တွင် အရီကီယာဒေသ၌ ဖှာတေမီအုပ်ချုပ်ရေးပေါ်ပေါက်လာခဲ့သည်။ ယင်းအုပ်ချုပ်ရေးသည် (၁၁၇၁)ခုနှစ်အထိ မိုရိုကို၊အီဂျီစ်နှင့် လဝါနသ် စသည့်နေရာဒေသအသီးသီးသို့ပျံ့နှံ့သွားခဲ့ပြီး ရှီအာအုပ်ချုပ်ရေးယန္တရားများဖြစ်ပေါ်လာခဲ့လေသည်။(၉၃၀)ခုနှစ်ဝန်းကျင်ခန့်တွင် အီရန်နိုင်ငံမြောက်ပိုင်းတွင် ဘီဒီးဒ်မင်းဆက်များပေါ်ပေါက်လာခဲ့ပြီး ၎င်းအုပ်ချုပ်ရေးသည် (၁၀၄၈)ခုနှစ်အထိ အီရန်နိုင်ငံအတွင်းတွင်သာမက အီရတ်နိုင်ငံအထိ အာဏာစိုးမိုးခဲ့လေသည်။ ထို့အပြင် ယီမန်ဒေသတွင်လည်း ရှီအာအေမာမ်များအဆက်ဆက်ရှိလာခဲ့သည်။ သို့သော် ၎င်းတို့သည် ဇိုင်ဒီယာရှီအာများဖြစ်လေသည်။