ရွှေဝါရောင် တော်လှန်ရေး
၂၀၀၇ ခုနှစ်တွင်ဆန္ဒထုတ်ဖော်ခဲ့မှုများ / From Wikipedia, the free encyclopedia
ရွှေဝါရောင် တော်လှန်ရေး သည် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဖြစ်ပေါ်ခဲ့သော အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုဖြစ်ရပ်များ ဖြစ်သည်။ ကန့်ကွက်ဆန္ဒပြမှုများ ရုတ်တရက်ဖြစ်ပေါ်လာရခြင်း အဓိကအကြောင်းရင်းမှာတပ်မတော်ကဖွဲ့ထားသည့်ကောင်စီ အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ထုတ်ပြန်ကြေညာခြင်းမရှိသော ဆုံးဖြတ်ချက်ဖြစ်သည့် လောင်စာဆီ ထောက်ပံ့ထုတ်ပေးခြင်းအား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ၎င်းသည် ဒီဇယ်နှင့်ဓာတ်ဆီဈေးနှုန်းကို ၆၆ရာခိုင်နှုန်းအထိ ရုတ်တရက်တိုးမြှင့်စေခဲ့ပြီး ဘတ်စ်ကားများအတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် ရက်သတ္တပတ် မပြည့်မှီ ငါးဆမြှင့်တက်စေခဲ့ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။.[1][2]
ရွှေဝါရောင် တော်လှန်ရေး | |
---|---|
အကြမ်းမဖက်ရေး စာတန်းပါ ဖော်ပြချက်နှင့် ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြနေသူများ | |
နေ့ရက် | ၁၅ ဩဂုတ် ၂၀၀၇ – ၂၆ စက်တင်ဘာ ၂၀၀၈ |
နေရာ | |
အကြောင်းရင်းခံ |
|
ရည်မှန်းချက်များ |
|
နည်းလမ်းများ |
|
ရလဒ် | လှုပ်ရှားမှု နှိမ်နင်းခံရ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှင့် အစိုးရသစ် ရွေးကောက်ခံရ |
ကန့်ကွက်ဆန္ဒပြမှုများကို အမျိုးသမီးများအပါအဝင် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများ၊ ကျောင်းသားများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်ခဲ့ကြပြီး အကြမ်းမဖက်သော လှုပ်ရှားမှုများ ဖြစ်သည်။[3] ကန့်ကွက်ဆန္ဒပြမှုများတို့သည် အစပိုင်းတွင် နအဖမှ အလျင်အမြန်နှင့်ဖြိုခွင်း ခဲ့ပြီးနောက် ဒါဇင်ပေါင်းများစွာသော ကန့်ကွက်ဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။ စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ကန့်ကွက်ဆန္ဒပြမှုများကို ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များမှ ဦးဆောင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင်အစိုးရ၏ ထပ်မံဖြိုခွင်းခြင်းကို မခံရမှီအချိန်အထိ ၎င်းကန့်ကွက်ဆန္ဒပြမှုများ ရှေ့ဆက်ရန် အခွင့်ရခဲ့သည်။[4] ဖြိုခွင်းစဉ်ကာလအတွင်း မြန်မာ့တပ်မတော်အတွင်းတွင် သဘောထားကွဲလွဲမှုရှိခဲ့ကြောင်း ကောလာဟလများ ရှိခဲ့သော်လည်း တစ်ခုမျှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။ အချို့သော သတင်းထုတ်ပြန်ချက်တို့တွင် ကန့်ကွက်ဆန္ဒပြမှုများကို ရွှေဝါရောင်တော်လှန်ရေးဟု ရည်ညွှန်းပြောဆိုကြသည်။[5][6]
၂၀၀၇ ဆန္ဒပြမှုများအတွင်း ထိခိုက်သေဆုံးမှု အရေအတွက်အတိအကျကို မသိရှိရသော်လည်း အစိုးရ၏ နှိမ်နင်းမှုကြောင့် ၁၃ ဦးမှ ၃၁ ဦးအထိ သေဆုံးမှုရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ လူရာပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အများစုမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။