ရွှေလီ ၁ တာတမံ
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ ဆည် From Wikipedia, the free encyclopedia
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ ဆည် From Wikipedia, the free encyclopedia
ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် ရွှေလီမြစ်ပေါ်တွင်တည်ရှိသည်။[2] တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသော ပထမဆုံးစက်ရုံတစ်ခုဖြစ်သည်။ မြန်မာအစိုးရဖက်မှ အစုစပ် ၁၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံပိုင် Yunnan United Power Development ကုမ္ပဏီက အစုစပ် ၈၅ ရာခိုင်နှုန်းပါဝင်ရင်းနှီးမြုပ်နှံတည်ဆောက်ထားသည်။ ၂၀၀၄ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စက်တပ်ဆင်အင်အားမှာ ၆၀၀ မဂ္ဂါဝပ် ဖြစ်သည်။ ရဲရွာဓာတ်အားပေးစက်ရုံပြီးလျှင် မြန်မာနိုင်ငံတွင် အကြီးဆုံးစက်ရုံဖြစ်သည်။ တစ်နှစ်ပတ်လုံးဓာတ်အားထုတ်လုပ်မှုတွင် ရဲရွာစက်ရုံထက်ပိုများပြီး မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သည်။ ထွက်ရှိသောဓာတ်အားကို မန်စံဓာတ်အားခွဲရုံနှင့် ရွှေစာရံဓာတ်အားခွဲရုံများမှတဆင့် မြန်မာဓာတ်အားစနစ်သို့ပို့လွှတ်သည်။ တရုတ်နိုင်ငံ ယူနန်ဓာတ်အားစနစ်သို့လည်း ဓာတ်အားရောင်းချသည်။ ထို့ပြင် တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသော တကောင်းတောင် နီကယ်စက်ရုံသို့လည်း ဓာတ်အားပို့လွှတ်ရောင်းချသည်။ ယခုအခါတွင် ရွှေလီ(၂) ဓာတ်အားပေးစက်ရုံ(တရုတ်ဖက်စပ်)နှင့် ရွှေလီ (၃) ဓာတ်အားပေးစက်ရုံ (မြန်မာအစိုးရပိုင်) တို့အား တည်ဆောက်လျက်ရှိသည်။[3][4][5][6]
ရွှေလီ ၁ တာတမံ | |
---|---|
ဓာတ်အားပေးစက်ရုံ | |
မြန်မာနိုင်ငံတွင်းရှိ ရွှေလီ ၁ တာတမံ၏ တည်နေရာ | |
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | နမ့်ခမ်းမြို့၊ ရှမ်းပြည်နယ်။ |
ကိုဩဒိနိတ် | 23°41′56.40″N 97°30′23.12″E |
အခြေအနေ | လည်ပတ် |
စတင် ဆောက်လုပ်ခြင်း | ၂၀၀၂ |
ဖွင့်လှစ်သည့်နေ့ | ၂၀၀၈ |
ကုန်ကျငွေ | US$756.2 million |
ပိုင်ဆိုင်သူများ | Shweli River-I Power Station Co. |
တမံ အမျိုးအစား | Gravity dam |
အမြင့် | ၄၇ m (၁၅၄ ft) |
မြစ်/ချောင်း | ရွှေလီမြစ် |
ဓာတ်အားပေးစက်ရုံ | |
ကော်မရှင် နေ့ရက် | ၂၀၀၈-၂၀၀၉ |
ရေအားလျှပ်စစ်ထုတ်လုပ်မှုအမျိုးအစား | Conventional, diversion |
တာဘိုင်များ | ၆ x ၁၀၀ MW (၁၃၀,၀၀၀ hp) Francis-type |
တပ်ဆင်အင်အား | ၆၀၀ MW (၈၀၀,၀၀၀ hp)[1] |
နှစ်စဉ် ထုတ်လုပ်နိုင်မှု | ၄,၀၂၂ GWh (၁၄,၄၈၀ TJ) |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.