ရွှေထီးဆောင်းတဲ့ ၁၆ ရက်
From Wikipedia, the free encyclopedia
ရွှေထီးဆောင်းတဲ့ ၁၆ ရက် သည် ဒါရိုက်တာ ဘဒ် ဂရင်းစပန် ရိုက်ကူးသည့် အမေရိကန်၊ ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပသော ၁၉၈၄ နွေအိုလံပစ်အကြောင်း ၁၉၈၅ မှတ်တမ်းတင်ရုပ်ရှင် ဖြစ်သည်။[3][4] ဤမှတ်တမ်းတင် ရိုက်ကူးမှုတွင် ပါဝင်သော အားကစားသမားများမှာ မာရီ လို ရက်တန်၊ ဂရက် လိုဂါနစ် နှင့် မိုက်ကယ် ဂရော့ တို့ ဖြစ်သည်။
ရွှေထီးဆောင်းတဲ့ ၁၆ ရက် 16 Days of Glory | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ဘဒ် ဂရင်းစပန် |
ထုတ်လုပ်သူ | နန်စီ ဘက်ဖာ |
သရုပ်ဆောင် | မိုက်ကယ် ဂရော့စ် ကားလ် လူးဝစ် |
နောက်ခံစကားပြော | ဒေးဗစ် ပယ်ရီ |
ဂီတမှူး | လီ ဟိုဒရစ် |
ဓာတ်ပုံ | မိုက် ချဲဗာလီယာ ချတ် ကိုဟင် ရောဘတ် အီး ကောလင်း ဂီလ် ဟတ် မိုက်ကယ် ဒီ မာဂူလီ |
တည်းဖြတ် | အင်ဒရူး စကွီစီယာရီနီ |
ထုတ်လုပ်ရေး ကုမ္ပဏီ | ကက်ပီ ထုတ်လုပ်ရေး ယူနိုက်တက်စတိတ် အိုလံပစ်ကော်မတီ |
ကြာမြင့်ချိန် | ၁၄၅ မိနစ် (ပြဇာတ်ရုံ) ၂၈၄ မိနစ် |
နိုင်ငံ | ယူနိုက်တက်စတိတ် |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ | ပါရာမောက်ရုပ်ရှင် |
ကုန်ကျငွေ | ဒေါ်လာ ၄ သန်း[1] |
ရောင်းရငွေ | $၈၃,၈၅၇ (United States)[2] |
ထိုရုပ်ရှင်မှာ ဗားရှင်းများစွာ ရှိသည်။ ပြဇာတ်ဗားရှင်းမှာ ၂.၅ နာရီ ကြာကာ၊ တီဗီဗားရှင်းက ခြောက်နာရီကြာပြီး၊[1][5] ၁၉၈၈ ဇူလိုင်တွင် ခြောက်ပိုင်းပါ မီနီစီးရီးအဖြစ် PBS တွင် ထုတ်လွှင့်ပြသခဲ့သည်။[1]
၁၉၈၅ ဇူလိုင် ၂၉ တွင် ကယ်လီဖိုးနီးယား ဘီဗာလီဟီးက Academy of Motion Picture Arts and Sciences ၏ ဆင်မျူရယ် ဂိုးဒွင် ဇာတ်ရုံတွင် ရုပ်ရှင်ကို ပရီမီယာပွဲ ဦးဆုံး စပြသည်။[1][6]
၁၉၈၅ အောက်တိုဘာ ၂၃ တွင် စတင်၍ ကယ်လီဖိုးနီးယား၊ စန်တာ မိုနီကာ၌ နှစ်ပတ်ကြာအောင် ပြသရသည်။ ၁၉၈၆ မတ် ၇ တွင် နယူးယောက်မြို့၌ ပြသရာ၊ $၈၄,၀၀၀ မြတ်စွန်းသည်။[1][2] ၁၉၈၇ ဇန်နဝါရီ ၂၄ တွင် ဒစ္စနေလိုင်းမှ ရုပ်သံအဖြစ် စတင်ထုတ်လွှင့်သည်။