![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/36/Mayor_Ye_Lwin.jpg/640px-Mayor_Ye_Lwin.jpg&w=640&q=50)
ရဲလွင်
မြို့တော်ဝန်၊ ဝန်ကြီး အငြိမ်းစား / From Wikipedia, the free encyclopedia
ရဲလွင် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ရဲလွင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးရဲလွင် သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သူ ဖြစ်သည်။ သူ့ကို ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မန္တလေးမြို့၏ မြို့တော်ဝန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[1] အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ သူသည် ယခင်က ဆေးတက္ကသိုလ် (မန္တလေး)၏ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးလည်း ဖြစ်ခဲ့သည်။[2] ၎င်းတွင် ပုဂ္ဂလိကမျက်စိဆေးခန်း ရှိပြီး[3] မျက်စိဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ မြို့တော်ဝန်ခန့်အပ်ခံရစ၌ မြို့တော်လူထု၏ ကန့်ကွက်ခြင်းခံရသော်လည်း အလုပ်ကြိုးစားမှုဖြင့် သက်သေပြခဲ့သည်။[4]
အချက်တိုများ ဦးရဲလွင်, မန္တလေးမြို့တော်ဝန် ...
ဦးရဲလွင် | |
---|---|
![]() | |
မန္တလေးမြို့တော်ဝန် | |
တာဝန်သက်တမ်း ၅ ဧပြီ ၂၀၁၆ – ၅ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | အောင်မောင်း |
ဆက်ခံသူ | ဦးကျော်ဆန်း |
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၅ ဧပြီ ၂၀၁၆ – ၅ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးအောင်မောင်း |
ဆက်ခံသူ | ဦးကျော်ဆန်း |
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၂၀၁၆ခုနှစ် ဧပြီလ ၅ ရက် – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | အောင်မောင်း |
ဆက်ခံသူ | ဦးကျော်ဆန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1953-09-02) ၂ စက်တင်ဘာ၊ ၁၉၅၃ (အသက် ၇၀)![]() |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ပိတ်ရန်