From Wikipedia, the free encyclopedia
ရဲထွေးအောင် (၇ ဧပြီ ၁၉၉၃ – ၂ ဇန်နဝါရီ ၂၀၁၈) သည် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၁၉၉၃ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၌ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ စူရတီလူမျိုးဖြစ်သည်။
ရဲထွေးအောင် | |
---|---|
မွေးဖွား | ရန်ကုန်မြို့ | ဧပြီ ၇၊ ၁၉၉၃
ကွယ်လွန် | ၂ ဇန်နဝါရီ၊ ၂၀၁၈ ၂၄) | (အသက်
နိုင်ငံလူမျိုး | မြန်မာ |
လူမျိုး | ဗမာ |
ကျော်ကြားမှုအရင်းခံ | ရုပ်ရှင်သရုပ်ဆောင် |
ရဲထွေးအောင်သည် လူမှုကွန်ယက် (ဖေ့စ်ဘွတ်ခ်) ပေါ်တွင် ဟာသဗီဒီယိုများတင်ကာ လူသိများလာသူလည်းဖြစ်ပြီး ဖေ့စ်ဘွတ်ခ်တွင် Follower ၁.၃ သန်းကျော် ရရှိထားသည်။ ထို့နောက်တွင် ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးရန်ကမ်းလှမ်းခံရပြီး သရုပ်ဆောင်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ သူ၏ ပထမဆုံး သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မှာ "ကိုယ်စောင့်နတ်" ဖြစ်ပြီး အခြားသော ရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ပါဝင် ရိုက်ကူးခဲ့သည်။ သူသည် ဖေ့ဘုတ်စ်တွင် ထင်ရှားသော ဟာသသရုပ်ဆောင်လည်းဖြစ်သည်။[1]မကြာသေးမီကပင် ရဲထွေးအောင်သည် ဒါရိုက်တာ ဂျိုး ရိုက်ကူးသည့် ဒိုင်ယာရီ ဇာတ်ကားတွင် သရုပ်ဆောင် နိုင်းနိုင်း၊ မေမြတ်နိုးတို့နှင့်အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည်။[2] ရဲထွေးအောင်သည် Myanmar Social Influencer Award 2017 တွင် Influencer of The Year (Comedy /Satier) ကို ရရှိခဲ့သူလည်း ဖြစ်သည်။[3]
၂၀၁၇-ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ နှစ်သစ်ကူးညတွင် ကလပ်တစ်ခုတွင် အရိုက်ခံရပီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၂၀၁၈-ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်ခဲ့သည်။[4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.