ရေဝပ်ဒေသ
From Wikipedia, the free encyclopedia
ရေဝပ်ဒေသ သို့မဟုတ် ရေဝပ်တော ဆိုသည်မှာ တနှစ်ပတ်လုံး၊ သို့မဟုတ် ရက်သတ္တပတ်၊ လနှင့်ချီ၍ ရေလွှမ်းထားသော သို့မဟုတ် ရေဖြင့်ဝိုင်းရံထားသော တမူထူးသည့် ဂေဟစနစ်တခုဖြစ်သည်။ ရေဝပ်တောများကို ကုန်းမြေ သို့မဟုတ် ရေထုနှင့် ကွဲပြားစေသည့် အဓိကအချက်မှာ ရေနေအပင်များ ယင်းဒေသရှိမြေလွှာတွင် လိုက်လျောညီထွေ ရှင်သန်နိုင်သည့်အချက်ဖြစ်သည်။[1] ရေဝပ်တောများသည် ဂေဟစနစ်အားလုံးရှိ ဇီဝမျိုးစုံမျိုးကွဲအများထဲတွင် ပါဝင်သည်ဟု ယူဆရသည်။ အပင်အမျိုးအစားများစွာနှင့် တိရစ္ဆာန် မျိုးစိတ်များ၏ နားခိုရာဖြစ်သည်။ ရေဝပ်တောများသည် ကမ္ဘာ့တိုက်ကြီးများတိုင်းတွင် သဘာဝအလျောက် ဖြစ်ထွန်းကြသည်။[2] ရေဝပ်တောရှိ ရေသည် ရေချို၊ ရေငန်နှင့် တပိုင်းရေချို တခုခုဖြစ်နိုင်သည်။[1]