From Wikipedia, the free encyclopedia
ရေလက်ဝါးကောင် (Starfish) ကို မြောက်နှင့် တောင်ဝင်ရိုးစွန်းများ အနီးရှိ သမုဒ္ဒရာများမှလွဲ၍ သမုဒ္ဒရာအနှံ့အပြားတွင် တွေ့နိုင် သည်။ ရေလက်ဝါးကောင်သည် အမြင်တွင် ထူးခြားပုံရသော် လည်း တိရစ္ဆာန် လောက၌ ရှေးအကျဆုံး အုပ်စုတစ်ခုတွင် ပါဝင်သည်။ ရေလက်ဝါးကောင်သည် ငါးမဟုတ်ချေ။ ပင်လယ် နေ တိရစ္ဆာန်သာ ဖြစ်သည်။ ရေလက်ဝါးကောင်သည် အီကိုင် နိုဒါမာတာ မျိုးပေါင်းစုတွင် စတာရွိုက်ဒီးမျိုးပေါင်း၌ ပါဝင်လေသည်။
ရေလက်ဝါးကောင် (အင်္ဂလိပ်: Starfish) Temporal range: Triassic–Recent | |
---|---|
Fromia monilis | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Echinodermata |
Superclass: | Asterozoa |
မျိုးပေါင်း: | Asteroidea Blainville, 1830 |
အောက်အဆင့်တက်ဆွန်များနှင့် မျိုးစဉ်များ | |
† Calliasterellidae |
ရေလက်ဝါးကောင်တွင် များသောအားဖြင့် ကြယ်ပုံ သဏ္ဌာန်ကဲ့သို့ လက်တံငါးခု ရှိတတ်သည်။ အချို့ ရေလက်ဝါး ကောင်များတွင် လက်တံငါးခုမက ရှိတတ်၍ အချို့တွင်မူ လက် တံပေါင်း လေးဆယ်အထိပင် ရှိတတ်သည်။ ထိုလက်တံများ သည် ဗဟိုခန္ဓာကိုယ်နှင့်စာလျှင် အလွန်ရှည်တတ်သည်။ သို့ သော် အချို့ရေလက် ဝါးကောင်၏ လက်တံများသည် အလွန် တိုကြသဖြင့် ကြယ်ပုံသဏ္ဌာန် ရှိရမည့်အစား ပဉ္စဂံပုံ ဖြစ်နေ လေသည်။ ရေလက်ဝါးကောင်ကို များသောအားဖြင့် ကန့်လန့် ဖြတ် တိုင်းကြည့်လျှင် ခြောက်လက်မခန့် ရှိတတ်၍ အလယ် ဗဟိုတွင် တစ်လက်မ ထူတတ်သည်။ များသောအားဖြင့် အညို ရောင်ဖြစ်သည်။ ရေလက်ဝါးကောင်သည် ပင်လယ်ဖြူကောင်၊ ပင်လယ်မြှော့၊ ပင်လယ်ငှက်မွေးကောင်များနှင့် နီးစပ်သဖြင့် ထိုတိရစ္ဆာန်များမှာကဲ့သို့ပင် အရေပြားတွင် ဆူးများရှိသည်။ ထိုဆူးများသည် အရေပြား၏အောက်ဘက်ရှိ စကယ်လီတန် အစိတ်အပိုင်းများမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
ရေလက်ဝါးကောင်၏ လက်တံများသည် ယင်း၏ ခန္ဓာကိုယ် အလယ်ဗဟိုမှ ဖြစ်ပေါ်လာကြသည်။ ခန္ဓာကိုယ်၏ အောက်ဘက်မျက်နှာပြင်တွင် ယင်း၏ ဗဟိုပါးစပ်ရှိသည်။ ထိုပါးစပ်ကို ဖြဲနိုင်သဖြင့် ရေလက်ဝါးကောင်သည် ယင်း၏ ခန္ဓာကိုယ်ထက် ကြီးမားသောတိရစ္ဆာန်များကိုပင် မျိုနိုင်လေ သည်။ ထိုပါးစပ်မှ လက်တံအသီးအသီး၏ အဖျားအထိ လမ်း ကြောင်းများရှိသည်။ ထိုလမ်းကြောင်းများတွင် အပေါက်ငယ် ကလေးများ ရှိသည်။ ထိုလမ်းကြောင်းများတွင် အပေါက်ငယ် ကလေးများ တန်းစီ၍ ရှိနေကြသည်။ ထိုလမ်းကြောင်းများမှ အလင်းပေါက်ပြွန်ခြေထောက်ကလေးများကို ထုတ်နိုင်သည်။ ထိုခြေထောက်ကလေးတစ်ခုစီ၏ အဖျားတွင် စုပ်ယူနိုင်သော အပြားဝိုင်းကလေးများ ရှိသည်။ သမုဒ္ဒရာ၏ အောက်ခြေတွင် တွားသွားသော အခါ၌ ထိုခြေထောက်ကလေးများကို အသုံး ပြုသည်။ ရေလက်ဝါးကောင်၏ လက်တံတစ်ခုခုကို ရန်သူက ဖိထားလျှင် ရေလက်ဝါးကောင်သည် ထိုလက်တံကို ဖြတ်၍ ထွက်ပြေးနိုင်လေသည်။ ထိုပြတ်သွားသော လက်တံသည် မကြာမီအတွင်း၌ ပြန်၍ ထွက်လာလေသည်။ လက်တံ၏ အဖျားတွင် မျက်စိခေါ် အရောင်ရှိသည့် အစက်ကလေး ရှိသည်။ မျက်စိကို ကာကွယ်ပေးရန် မျက်စိကလေး၏ ပတ်ဝန်းကျင်တွင် ဆူးကလေးများ ဝိုင်းရံလျက်ရှိသည်။ ရေလက်ဝါးကောင်၏ လက်တံတစ်ခု ပြတ်သွားလျှင် ပြတ်သွားသည့်နေရာမှ ပြန်၍ လက်တံထွက်လာနိုင်ရုံမက ရေလက်ဝါးကောင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းလိုက်လျှင် လည်း တစ်ပိုင်းစီမှ ရေလက်ဝါး တစ်ကောင်စီ ဖြစ်လာနိုင် လေသည်။ ထိုသို့ဖြစ်နိုင်စွမ်းရှိခြင်းကို မျိုးဆက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
ရေလက်ဝါးကောင်၏ ခန္ဓာကိုယ်တစ်ခုလုံးလိုလိုသည် အိတ်ကဲ့သို့သော အစာအိမ် ဖြစ်သည်။ ပါးစပ်သည် ထိုအစာ အိမ်အတွင်းသို့ ပွင့်လျက်ရှိသည်။ အစာအိမ်၏ အထပ်များသည် လက်တံများအထိ ပြန့်လျက် ရှိကြသည်။ ရေလက်ဝါးကောင် သည် အစားလောဘကြီးသော တိရစ္ဆာန်ဖြစ်သဖြင့် ရရာအစား ကို စားမျိုလေ့ ရှိသည်။ သို့သော် ယင်း၏ အဓိကအစာများမှာ ယောက်သွား၊ ကမာ၊ ခုံးပျော့နှင့် ခရုပက်ကျိများ ဖြစ်ကြသည်။ ကမာမွေးမြူသော နေရာများတွင် ရေလက်ဝါးကောင်သည် အဓိကအနှောင့်အယှက်ပေးသော တိရစ္ဆာန် ဖြစ်သည်။ ကမာကို စားလိုသောအခါတွင် ရေလက်ဝါးကောင်သည် ယင်း၏ပြွန် ခြေထောက်ကို အသုံးပြုသည်။ ထိုခြေထောက်က ကမာကို နှစ်ခြမ်းခွဲလိုက်သည်။ ပထမတွင် ကမာသည် ယင်း၏အခွံကို ဆက်လက်၍ ပိတ်ထားနိုင်သေးသော်လည်း အနည်းငယ်ကြာ သောအခါတွင် အားလျော့သွားသဖြင့် အခွံလည်း နှစ်ခြမ်းကွဲ သွားလေသည်။ ထိုအခါ ရေလက်ဝါးကောင်သည် ယင်း၏ အစာအိမ်ကို ပါးစပ်မှ အပြင်သို့ ထုတ်လိုက်ပြီးလျှင် ကမာ၏ နူးညံ့သော ခန္ဓာကိုယ်အစိတ်အပိုင်းကို ချေလိုက်ပြီးလျှင် ရေလက်ဝါးကောင်သည် ယင်း၏ခန္ဓာ ကိုယ်အတွင်းသို့ ချေထားသော ကမာ၏ နူးညံ့သောအစိတ်အပိုင်းကို စုပ်ယူ လိုက်လေသည်။
ရေလက်ဝါးကောင်များကို လူများက မစားကြသော်လည်း ထိုအကောင်မျိုးနှင့် နီးစပ်သော ပင်လယ်မြှော့မျိုး အချို့ကိုမူ ကမ္ဘာအရှေ့ဘက်နိုင်ငံများရှိ လူအချို့က စားသောက်ကြလေ သည်။*ပင်လယ်မြော့[3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.