ရေနွေးငွေ့ အင်ဂျင်
ရေနွေးငွေ့ကို လုပ်ငန်းသုံးငွေ့ရည်အဖြစ်သုံး၍ စက်အလုပ်လုပ်ဆောင်သော အပူအင်ဂျင်စက် / From Wikipedia, the free encyclopedia
ရေနွေးငွေ့အင်ဂျင် (မီးထိုးအင်ဂျင်စက်)သည် ရေနွေးငွေ့ကို အသုံးပြုထားသော အပူအင်ဂျင်စက်တစ်မျိုး ဖြစ်၍ အပူအင်ဂျင်စက်ဆိုသည်မှာ ဓာတ်ငွေ့အား အင်ဂျင်စက်၌ ဓာတ်ငွေ့၏ အပူစွမ်းအင်ကိုလည်းကောင်း ရေနွေးငွေ့အား အင်ဂျင်စက်၌ ရေနွေးငွေ့၏ အပူစွမ်းအင်ကိုလည်းကောင်း စက်အလုပ်သို့ ပြောင်းလဲပေးသည့်စက်ကို ဆိုလိုသည်။ လွယ်လွယ်ပြောရလျှင် ရေနွေးငွေ့အင်ဂျင်သည် ပွက်ပွက်ဆူနေသော ရေမှ ထွက်လာသော ရေနွေးငွေ့ဖြင့် ခုတ်မောင်းအလုပ်လုပ်သည့် အင်ဂျင်ပင် ဖြစ်လေသည်။ ရေနွေးငွေ့၏ အပူစွမ်းအင်မှ အရွေ့စွမ်းအင်သို့ပြောင်းကာ စက်များလည်ပတ်စေခြင်းဖြင့် စက်ရုံများတွင်သော်လည်းကောင်း၊ ရထားများ၊ သင်္ဘောများတွင် သော်လည်းကောင်း သုံးသည်။