From Wikipedia, the free encyclopedia
ရေဆေးစက္ကူ (Watercolor paper) ဆိုသည်မှာ ရေဆေးပန်းချီ ရေးရာတွင် အသုံးပြုသော စက္ကူကို ဆိုလိုသည်။[1] ရေဆေးစက္ကူ အမျိုးအစား အမျိုးမျိုးရှိပြီး ယနေ့ခေတ်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ဈေးနှုန်းများမှာ ဖိုင်ဘာ၊ အရွယ်အစား၊ အလေးချိန် နှင့် စာရွက်ပုံစံ အားလုံးသည် စက္ကူ၊ ရေနှင့် အရောင်များကို မည်သို့လက်ခံသည်၊ ရေထိန်းနှိုင်မှု၊ ဆေးသား ပြန်နှုတ်ထုတ်နိုင်မှု နှင့် လိုအပ်သလို ပြုပြင်ရေးဆွဲနိုင်မှု အပေါ် မူတည်ပြီး ဈေးကွာခြားကြသည်။
စာရွက်အများစုကိုဝါဂွမ်းသို့မဟုတ်သစ်သားဖြင့်ပျော့ဖတ်ပြုလုပ်ပြီး အမျှင်များကိုခွဲထုတ်ရသည်။ ပျော့ဖတ်ကို အရည်အခြေအနေရောက်သည်နှင့်၎င်းကိုအောက်ခြေရှိအသင်ပြုလုပ်ထားသောမျက်နှာ ပြင်မှိုပုံစံခွက်(mouldထဲသို့သွန်းလောင်းပြီးပိုလျှံ သောရေများထွက်သွားပြီးနောက်ခြောက်သွေ့ အောင်ထားရသည်။များသောအားဖြင့် ဖဲကြိုး(သို့ မဟုတ်) ချည်သား အောက်ခံမျက်နှာပြင်သည် စက္ကူ၏ ဗြုတ်( texture) အကြမ်းအချောကိုဖြစ် ပေါ်စေသည်။
ရိုးရိုးရုံးသုံးစက္ကူများမှာဆယ်လူးလို့(cellulose) သစ်ပျော့ဖတ်ကုန်ကြမ်းမှထုတ်လုပ်ထားသည်။ ရိုးရိုးစက္ကူများမှာ ပျော့ဖတ်ပြုလုပ်ရာတွင်အက်စစ်ဓာတ်ကိုကုန်အောင်မထုတ်ထားသဖြင့် အချိန်ကြာလာလျှင်ဝါပြီးကျွတ်ဆတ်လာတတ်သည်။ ရေဆေးစက္ကူများတွင်အက်စစ်ကိုကုန်စင်အောင်သန့်စင်ရသဖြင့် ထုတ်လုပ်မှုစရိတ်များသည်။ ရေဆေးစက္ကူအကောင်းစားတွင်( Acid free, handmade, 100% cotton, cold press)ဖော်ပြထားတတ်သည်။
အပေါ်မျက်နှာပြင်သည် အောက်မျက်နှာဘက်ထက်ပို ချောမွေ့သော texture ပုံသဏ္ဌန်ရှိသည်။ အကောင်း စား ရေဆေး စက္ကူသည် အမှားတစ်ခုပြုလုပ်မိလျှင်၊ စက္ကူကိုပြန်ပွတ်တိုက်ထုတ်ပြီးပြန်ရေးနိုင်သည်။
ယခု ရေးဆွဲရာတွင် စက္ကူ မျက်နှာပြင်ကြမ်းချောအလိုက်ကွာခြားမှုရှိကြသည်။ (A)သည် 300-lb (640gsm) cold press အထူဆုံးဖြစ်ပြီးမျက်နှာပြင်ကြမ်းပြီးရေထိန်းအားကောင်းသည်။ (B)သည်140lb (300gsm) cold press အလယ် အလတ် စားအထူရှိပြီးစက္ကူထဲတွင် ရေစုပ်ယူအားကောင်းသည်။
(C)သည် Bနှင့်အထူအပါးတူညီသော်လည်းထုတ်လုပ်ပုံကွာသည်။ (hot press) အမျိုးအစားသည် စက္ကူပျော့ဖတ်ကိုဒလိမ့်တုံးဖြင့် အပူပေးနည်းကိုသုံးထားသည်။ ထိုကြာင့်စက္ကူမျက်နှာပြင်ညီညာချောမွေ့ပြီး ရေထိန်းအားနည်းသည်။ 300lb စက္ကူအထူမျက်နှာပြင်အကြမ်း(Rough)လည်းရနိုင် သည်။ထိုစက္ကူအမျိုးအစားသည် အသေးစိတ်ရေးရန်သင့်တော်သည်။( cold press) မှာ စက္ကူကိုရေ ဆွတ်ပြီး အစိုရေးရန်သင့်တော်သည်။
Moist paper and dry paper( အစိုဓာတ်ထိန်းသော စက္ကူနှင့် မထိန်းသောစက္ကူ)
အစိုဓာတ်ထိန်းသောစက္ကူ (moist paper)မှာရေဆွတ်လိုက်လျှင် အရောင်ပြီး လက်နေသည်။ အစိုရေးနည်း (wet into wet technique) အတွက်ကောင်းသည်။ ရေးချက်နှင့်အရောင်များအလွယ် တကူပျံ့နှံ့စေသည်။ နှုတ်ထုတ်ရလွယ်သည်။သို့ သော်ရေများလျှင် ထိန်းရခက်ပြီး ဆေးများဘေးအနားစွန်းသို့ပျံ့နှံ့ပြီး ရေခြောက်သောအခါအနား ကွပ်လိုင်းများ(hard ring)ဖြစ်တတ်သည်။ အရောင်များပြေပြစ်စွာရောနှောစေရန် လိုသလိုရေထပ်ဖြည့်ပေးရန်လိုသည်။
ရေမထိန်းသောစက္ကူ (dry paper)သည်မာကျောတောင့်တင်းပြီး ရေအိုင်ထွန်းပြီး စုတ်ချက်အရာများထင်ကျန်တတ်သည်။ ရေဆွတ်လျှင်စက္ကူခုံးခွက်ခြင်းဖြစ်တတ်ပြီး အနားသတ်လိုင်းများထင်းနေတတ်သည်။ပထမအကြိမ်အစိုရေးရန်သင့်တော်ပြီးဆေးခြောက်ပြီးမှ နောက်တကြိမ်ဆေးအခြောက်ရေးနည်း(dry method)ဖြင့်ရေးရန်သင့်တော်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.