![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/46/Rila_Monastery%252C_August_2013.jpg/640px-Rila_Monastery%252C_August_2013.jpg&w=640&q=50)
ရီလာ ဘုန်းကြီးကျောင်း
From Wikipedia, the free encyclopedia
ရီလာ ဘုန်းကြီးကျောင်း ဟု နာမည်ကျော်သော ရီလာရှိ စိန့်အိုင်ဗန်၏ ဘုန်းကြီးကျောင်း သည် ဘူဂေးရီးယားနိုင်ငံရှိ အကြီးမားဆုံးနှင့် အကျော်ကြားဆုံး အရှေ့ပိုင်း အော်သိုဒေါက် ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်သည်။ အနောက်တောင်ပိုင်း ရီလာတောင်ကုန်းများတွင် တည်ရှိပြီး မြို့တော် ဆိုဖီယာ၏ တောင်ဘက် ၁၁၇ km (၇၃ mi) အကွာ ရေဆကာမြစ်၏ နက်ရှိုင်းသော တောင်ကြားအတွင်း ပင်လယ်ရေမျက်နှာပြင်ထက် ၁,၁၄၇ m (၃,၇၆၃ ft) အမြင့် ရီလာ ဘုန်းကြီးကျောင်း သဘာဝဥယျာဉ် အတွင်း တည်ရှိသည်။ ဘုန်းကြီးကျောင်းသည် တည်ထောင်သူ သူတော်စင် ရီလာမှ အိုင်ဗန် (အေဒီ ၈၇၆-၉၄၆) ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်ပြီး ဘုန်းကြီး အပါး ၆၀ ခန့် နေထိုင်ကြသည်။
ရီလာ ဘုန်းကြီးကျောင်း* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | vi |
ကိုးကား | ၂၁၆ |
ဒေသ** | ဥရောပနှင့်မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၃ (သတ္တမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
၁၀ ရာစုတွင် တည်ထောင်ခဲ့ပြီး ရီလာဘုန်းကြီးကျောင်းသည် ဘူဂေးရီးယား၏ ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းဆိုင်ရာ နှင့် ဗိသုကာဆိုင်ရာ အရေးပါဆုံး အထိမ်းအမှတ်အဆောက်အဦး အဖြစ် မှတ်ယူကြကာ ဘူဂေးရီးယား နှင့် ဥရောပတောင်ပိုင်း၏ အဓိက ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာ ဖြစ်သည်။ ၂၀၀၈ တစ်နှစ်တည်းတွင်ပင် ခရီးသွား ၉၀၀,၀၀၀ လာရောက် လည်ပတ်ခဲ့သည်။[1]၁၉၉၉ ခုနှစ်တွင် ထုတ်ဝေသော ဘူဂေးရီးယား ငွေကြေး ၁ လက်ဗ် ပိုက်ဆံ၏ အနောက်ဘက်တွင် ဘုန်းကြီးကျောင်းပုံကို ရိုက်နှိပ် ဖော်ပြခဲ့သည်။[2]