From Wikipedia, the free encyclopedia
ရန်ကုန် ရိုမန်ကက်သလစ် မက်ထရိုပိုလီတန် (အင်္ဂလိပ်: Roman Catholic Archdiocese of Yangon; လက်တင်: Archidioecesis Yangonensis) သည် ခရစ်တော်သာသနာ့နယ်မြေ သို့မဟုတ် မြန်မာနိုင်ငံရှိ ရိုမန်ကတ်သလစ် ခရစ်ယာန် အသင်းတော်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။ ၂၀၀၃ မေလ ၂၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ချားလ်စ်ဘိုကို ရန်ကုန် အာချီဘစ်ရှော့ပ်အဖြစ် ခန့်အပ်သည်။
Archdiocese of ရန်ကုန် Archidioecesis Yangonensis | |
---|---|
သူတော်စင်မေရီ ကတ်သီဒရယ် ၊ ရန်ကုန် | |
တည်နေရာ | |
နိုင်ငံ | မြန်မာ |
Ecclesiastical province | ရန်ကုန် |
စာရင်းအင်း | |
ဧရိယာ | ၆၈,၀၀၀ km2 (၂၆,၀၀၀ sq mi) |
လူဦးရေ - စုစုပေါင်း - Catholics | (as of ၂၀၁၀) ၁၄၀၅၀၀၀၀ ၇၆၂၈၃ (၀.၅%) |
အချက်အလက် | |
Rite | Latin Rite |
Cathedral | Cathedral of the Immaculate Conception in Yangon |
လက်ရှိ ဦးဆောင်မှု | |
ပုပ် | တမ်းပလိတ်:Incumbent pope |
Metropolitan Archbishop | ချားလ်စ်မောင်ဘို |
Suffragans | Diocese of Hpa-an Diocese of Mawlamyine Diocese of Pathein Diocese of Pyay |
Auxiliary Bishops | ဂျွန်စောယောဟန် |
အသင်းတော်ဂိုဏ်းအုပ်ကျောင်းကို ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ပီးယပ်စ် ကိုးက မြန်မာပြည် အနောက်တောင်ဒေသဆိုင်ရာ Apostolic Vicariate အဖြစ်စတင်တည်ထောင်ပြီး ၁၈၇၀ ဇူလိုင် ၁၉ တွင် မြန်မာပြည်တောင်ပိုင်းဆိုင်ရာ Apostolic Vicariate အဖြစ်လည်းကောင်း၊ ထို့နောက် ၁၉၅၃ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ Apostolic Vicariate အဖြစ်လည်းကောင်း အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။
၁၉၅၅ ဇန်နဝါရီ ၁ ရက်နေ့တွင် ပုပ်ရဟန်းမင်း ပီးယပ်စ် ဆယ့်နှစ်က မက်ထရိုပိုလီတန် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး မော်လမြိုင်၊ ပုသိမ်၊ ပြည် နှင့် ဖားအံကိုပါ တွဲဘက်အုပ်ချုပ် စေသည်။ ၁၉၉၁ အောက်တိုဘာ ၈ တွင် ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က ရန်ကုန် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်းအဖြစ် အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။
တာဝန်ထမ်းဆောင်သူ | စတင် | ပြီးဆုံး | မှတ်ချက် |
---|---|---|---|
Paul Ambroise Bigandet MEP | ၁၂ ဩဂုတ် ၁၈၇၀ | ၁၃ မတ် ၁၈၉၄ | ကွယ်လွန် |
Alexandre Cardot MEP | ၁၉ မတ် ၁၈၉၄ | ၁၈ အောက်တိုဘာ ၁၉၂၅ | ကွယ်လွန် |
Félix-Donatien Perroy MEP | ၁၈ အောက်တိုဘာ ၁၉၂၅ | ၁၀ ဧပြီ ၁၉၃၁ | ကွယ်လွန် |
Frédéric-Marie Provost MEP | ၁၀ ဧပြီ ၁၉၃၁ | ၂၇ စက်တင်ဘာ ၁၉၅၂ | ကွယ်လွန် |
Victor Bazin MEP | ၇ မေ ၁၉၅၃ | ၁၉ ဇွန် ၁၉၇၁ | နုတ်ထွက် |
Gabriel Thohey Mahn-Gaby | ၁၉ ဇွန် ၁၉၇၁ | ၃၀ စက်တင်ဘာ ၂၀၀၂ | အနားယူ |
ချားလ်စ်မောင်ဘို SDB | ၂၂ နိုဝင်ဘာ ၂၀၀၃ | ||
၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘုန်းတော်ကြီး ၈၃ ပါးနှင့် ဘာသာဝင် ၃၁၂ ဦးရှိသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.