ရိုင်ဖယ်
From Wikipedia, the free encyclopedia
ရိုင်ဖယ်ဆိုသည်မှာ သေနတ်အမျိုးအစားတစ်မျိုးဖြစ်ပြီး သေနတ်ဒင်နှင့် ပြောင်းရှည်တို့ပါဝင်ကာ ပခုံးတွင်ထောက် ၍ပစ်ခတ်ရသည်။ ပြောင်းအတွင်းပါရှိသည့် ပြောင်းရစ်ကို အစွဲပြုကာ ရိုင်ဖယ်ဟု ခေါ်ခြင်းဖြစ်သည်။ ရိုင်ဖယ်သေနတ်အား ဝေးကွာသည့်ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ရန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အရပ်ဖက်တွင် ရိုင်ဖယ်အား သေနတ်ဟူ၍ လည်ကောင်း၊ ဒင်ပါရှိသော သေနတ်များကို ရိုင်ဖယ်ဟူ၍လည်ကောင်း မှားယွင်းစွာ ခေါ်ဝေါ်လေ့ရှိကြသည်။ ရိုင်ဖယ်သေနတ်များအား စစ်ဖက်၊ အမဲလိုက်ခြင်းနှင့် သေနတ်ပစ်အားကစားများ တွင်အသုံးပြုကြသည်။