၂၀၀၂ခုနှစ်တွင်စတင်တည်ထောင်သောတက္ကသိုလ် From Wikipedia, the free encyclopedia
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အင်္ဂလိပ်: West Yangon University) သည် ရန်ကုန်တိုင်းဒေသကြီး၏ အနောက်ဘက်၊ လှိုင်မြစ် အနောက်ဘက်ကမ်း ထန်းတပင်မြို့နယ် တွင် တည်ရှိသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် | |
West Yangon University (WYU) | |
ပညာဖွံ့ဖြိုး ပြည့်အကျိုး | |
To develop the knowledge for benefit of the country | |
အနောက်ပိုင်းတက္ကသိုလ် | |
| |
တည်ထောင်ခုနှစ် | ၂၇၊ ဇွန်၊ ၂၀၀၂ |
ပါမောက္ခချုပ် | ဒေါက်တာတင်မောင်ထွန်း |
ဒုတိယပါမောက္ခချုပ် | ဒေါက်တာအေးအေးခိုင်၊ ဒေါက်တာစိုးစိုးအေး |
တည်နေရာ | ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
အကျယ်အဝန်း | ၂၄၁.၇၄ ဧက |
ပိုင်ဆိုင်မှု | အစိုးရပိုင် |
အဖွဲ့အစည်း | ပညာရေး ဝန်ကြီးဌာန |
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို ၈၈၈၈ လူထုဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် ရန်ကုန်တက္ကသိုလ်အား ပိတ်လိုက်ပြီးနောက် ၁၄ နှစ်အကြာ ၂၀၀၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရပိုင်တက္ကသိုလ် တစ်ခုဖြစ်ပြီး အခွန်ငွေဖြင့် ရပ်တည်သည်။
လက်ရှိရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ပါမောက္ခချုပ်မှာ ဒေါက်တာ တင်မောင်ထွန်း ဖြစ်ပြီး၊ ဒုတိယပါမောက္ခချုပ်မှာ ဒေါက်တာ စိုးစိုးအေး(သင်ကြားရေး) နှင့်ဒေါက်တာ အေးအေးခိုင်(စီမံ) ဖြစ်သည်။
အဓိကအားဖြင့် သင်ကြားရေး ဌာန နှင့်စီမံရေး ဌာန ဟူ၍ (၂)ပိုင်း ရှိသည်။
သင်ကြားရေးဌာန (၁၄) ခုရှိပြီး ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
စီမံရေးဌာန(၁၂)ခု ရှိသည်။ စီမံရေးဌာနများမှာ-
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်အဓိအားဖြင့် ဝိဇ္ဇာနှင့် သိပ္ပံ အထူးပြုဘာသာရပ်များ သင်ယူနိုင်သည်။
စဉ် | ဘာသာရပ် | အပ်နှင်းသောဘွဲ့ | မှတ်ချက်'" | ဌာနမှူး | |
---|---|---|---|---|---|
၁ | မြန်မာစာ (Burmese) | BA,BA(Hons:),MA | |||
၂ | အင်္ဂလိပ်စာ (English) | BA,BA(Hons:),MA | |||
၃ | ပထဝီဝင် (Geography) | BA,BA(Hons:),MA | |||
၄ | သမိုင်း (History) | BA,BA(Hons:),MA | |||
၅ | ဒဿနိကဗေဒ (Philosophy) | BA,BA(Hons:),MA | |||
၆ | ရသပညာ (Creative Writing) | BA | |||
၇ | အရှေ့တိုင်းပညာ (ပါဠိ) (Oriental Studies) | BA,BA(Hons:),MA | |||
၈ | ဘူမိဗေဒ (Geology) | BSc- BSc (Hons;) - MSc | |||
၉ | ရုက္ခဗေဒ (Botany) | BSc- BSc (Hons;) - MSc | |||
၁၀ | ဓာတုဗေဒ (Chemistry) | BSc- BSc (Hons;) - MSc | ပညာချွန်ဆုလျှောက်နိုင် | ||
၁၁ | သင်္ချာ (Mathematics) | BSc- BSc (Hons;) - MSc | ပညာချွန်ဆုလျှောက်နိုင် | ||
၁၂ | ရူပဗေဒ (Physics) | BSc- BSc (Hons;) - MSc | ပညာချွန်ဆုလျှောက်နိုင် | ||
၁၃ | သတ္တဗေဒ (Zoology) | BSc,- BSc (Hons;) - MSc | |||
၁၄ | ကုန်ထုတ်ဓာတုဗေဒ (Industrial Chemistry) | - BSc,
- BSc (Hons;) - MSc |
ပညာချွန်ဆုလျှောက်နိုင်။ |
လက်တွေ့ကွင်းဆင်းခြင်း (Field trip)များ ရှိသည်။ |
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အဝေးသင်ဌာနခွဲကိုလည်းဖွင့်လှစ်ထားသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.