မြန်မာဘလော်ဂါ၊ မော်ဒယ်လ်၊ မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း တည်ထောင်သူ From Wikipedia, the free encyclopedia
ရန်ကုန်သူမီရှဲ (ဩဂုတ်လ ၄ ရက်၊ ၁၉၉၃), မွေးဖွားအမည် "မေရှဲ" သည် မြန်မာ့လူမှုဘဝဘလော်ဂါ၊ ကိုယ်ဟန်ပြမယ်နှင့် အမျိုးသမီးကိုယ်လုံပညာနည်းစနစ်မှူး ဖြစ်သည်။ [1][2] သူမသည် ရန်ကုန်အခြေစိုက်၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကို ပူးတွဲတည်ထောင်သူနှင့် နည်းစနစ်မှူးတစ်ဦးဖြစ်သည်။ [3] ၂၀၁၈ ခုနှစ်တွင် ရန်ကုန်သူမီရှဲ အနေဖြင့် လူမှုဘဝကဏ္ဍအတွက် "Myanmar Influencer Award" ကို ရရှိခဲ့သည်။
ဤဆောင်းပါး၏ အကြောင်းအရာသည် ဝီကီပီးဒီးယား၏ ထင်ရှားအရေးပါမှုအတွက် ယေဘုယျ လမ်းညွှန်ချက်နှင့် မကိုက်ညီခြင်း ဖြစ်နေနိုင်သည်။ |
ရန်ကုန်သူမီရှဲ | |
---|---|
မွေးဖွား | မေရှဲ ၄ ဩဂုတ်၊ ၁၉၉၃ ရန်ကုန် |
အခြား အမည်များ | ရန်ကုန်သူမီရှဲ |
မိခင်ကျောင်း | နိုင်ငံခြားဘာသာတက္ကသိုလ် ရန်ကုန် |
အလုပ်အကိုင် | လူမှုဘဝဘလော့ဂါ၊ ကိုယ်ဟန်ပြမယ်၊ အမျိုးသမီးကိုယ်လုံပညာ နည်းစနစ်မှူး |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၅−ယနေ့ထိ |
အရပ် | ၅ ft ၄ in (၁.၆၃ m) |
မိဘ(များ) | ဦးထွန်းနိုင် ဒေါ်သူဇာနွယ် |
ရရှိသည့်ဆုများ | "Myanmar Influencer Awards-Lifestyle" (2018) |
၁၉၉၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဦးထွန်းနိုင်နှင့် ဒေါ်သူဇာနွယ်တို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။ ၂၀၁၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာအထူးပြု ဝိဇ္ဇာဘွဲ့နှင့် အင်္ဂလိပ်ဘာသာ ဒီပလိုမာတို့ကို နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်မှ ရရှိခဲ့သည်။ [4][5]
၂၀၁၃ ခုနှစ်တွင် ကျင်းပသော Miss Universe Myanmar အလှမယ်ပြိုင်ပွဲတွင် ခါးနံပါတ် ၅ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆန်ခါတင်အယောက် ၂၀ အတွင်း ရွေးချယ်ခံရသည်။ [5] ထိုပြိုင်ပွဲတွင် Miss Environment 2013 ခေါင်းစဉ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသည်။ [6]
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမှကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကို အခြားအမျိုးသမီး ၂ ဦးတို့ဖြင့် ပူးတွဲတည်ထောင်သည်။ [7][8][9][10][11][12]
၂၀၁၆ ခုနှစ်တွင် ရန်ကုန်သူမီရှဲ ပူးတွဲတည်ထောင်သော မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းမှာ အမျိုးသမီးပေါင်း ၃၀၀ ကျော်အား သင်ကြားပို့ချပေးနိုင်ခဲ့ပြီး LGBT အဖွဲ့အစည်းများနှင့် အစိုးရအလယ်တန်းကျောင်းများ၊ သံရုံးများအကြားတွင် ထင်ရှားသည်။ [2]
၂၀၁၈ ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်သူမီရှဲ ဗီဒီယိုဖိုင်များကို ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ဆက်ခဲ့ပြီး မဇ္ဈိမရုပ်သံနှင့် iFlix တို့တွင်ပါ ထုတ်လွှင့်ခဲ့သည်။ [2][13] သူမ၏ ဗီဒီယိုအစီအစဉ်ထုတ်လွှတင့်မှုများသည် အများအားဖြင့် သမိုင်းဝင်နေရာများ၊ ထင်ရှားသော နေရာများ၊ မြန်မာအမျိုးသမီးတို့ နေ့စဉ်ဘဝ၊ အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသော အကြောင်းအရာများကို အထူးသဖြင့် တင်ဆက်လျက်ရှိသည်။ [1][2] စူးစူးစိုက်စိုက် ရိုက်ကူး ထုတ်လုပ်ခဲ့သည့်အတွက် လူမှုဘဝကဏ္ဍအထူးပြု Myanmar Influencer Award ကို ၂၀၁၈ ခုနှစ်တွင်ရရှိခဲ့သည်။ [14]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.