ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ရန်ကုန်မြို့ရှိ နိုင်ငံတကာလေဆိပ် / From Wikipedia, the free encyclopedia
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရန်ကုန်မြို့လယ်မှ မြောက်ဘက် ၁၅ကီလိုမီတာအကွာ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး လေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုပ်ငန်းအများဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Yangon International Airport | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ရန်ကုန်လေဆိပ် | |||||||||||
အချက်အလက်များ | |||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||
ပိုင်ဆိုင်သူ | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ | ||||||||||
စီမံကွပ်ကဲသူ | ရန်ကုန် အေရိုဒရုန်း ကုမ္ပဏီလီမိတက် | ||||||||||
ဝန်ဆောင်မှု ဧရိယာ | ရန်ကုန် | ||||||||||
တည်နေရာ | မင်္ဂလာဒုံ ၁၁၀၂၁၊ ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ | ||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | |||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၁၀၉ ပေ / ၃၃ မီတာ | ||||||||||
ကိုဩဒိနိတ် | 16°54′26″N 96°07′59″E | ||||||||||
ဝက်ဘ်ဆိုဒ် | yangonairport.aero | ||||||||||
ပြေးလမ်း | |||||||||||
|
လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၀) လိုင်း နှင့် ပြည်ပ လေကြောင်းလိုင်း (၃၀) လိုင်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေသည်။ ထိုပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများသည် ပြည်တွင်း (၂၆) မြို့ နှင့် ပြည်ပ (၂၂) မြို့သို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသည်။