လူသားဖတ်နိုင်သောကွန်ပျူတာဘာသာစကားအချို့ကို အသုံးပြု၍ ရေးသားထားသောကွန်ပျူတာလမ်းညွှန်ချက From Wikipedia, the free encyclopedia
ကွန်ပျူတာသိပ္ပံပညာတွင် ရင်းမြစ်ကုဒ် (source code) သည် ပရိုဂရမ်းမင်းဘာသာစကား တစ်ခုတွင် အသုံးပြုသော စာကြောင်း (statement) သို့မဟုတ် ဂုဏ်သတ္တိအဓိပ္ပာယ်သတ်မှတ်ချက် (declaration) အစဉ်များဖြစ်ပြီး လူဖတ်နိုင်သော ကွန်ပျူတာ ပရိုဂရမ်းမင်းဘာသာစကား တစ်ခုခုဖြင့်ရေးသားထားသည်။ ပရိုဂရမ်းမင်းဘာသာစကား တစ်ခုတွင် သုံးသော ရင်းမြစ်ကုဒ်ကို အဓိပ္ပာယ်ကွဲလွဲခြင်းမရှိစေရန် ရှင်းလင်းထားသော အင်္ဂလိပ်ဘာသာ ဖြင့်ရေးလေ့ရှိသည်။ ရင်းမြစ်ကုဒ်သည် ဆော့ဖ်ဝဲတည်ဆောက်သူများကို ကွန်ပျူတာနှင့် ဆက်သွယ်ပေးသော ညွှန်ကြားချက်များဟုလည်း ဆိုနိုင်သည်။ အဓိကအားဖြင့် သဘာဝဘာသာစကား(natural language)တွင် အသုံးပြုသော စကားလုံးအချို့ကိုသုံးထားသော ဘာသာစကားဖြင့် ကွန်ပျူတာအပေါ် ညွှန်ကြားချက်၏ ပထမအဆင့် ဖြစ်သည်။
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား Aung kaung (ဆွေးနွေး | ပံ့ပိုး) မှ ၁၂ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ပရိုဂရမ်တစ်ခုတွင် ပါဝင်သော ရင်းမြစ်ကုဒ်ကို တစ်ခု သို့ တစ်ခု ပိုမိုသော text file များတွင် သိမ်းဆည်းထားပြီး၊ တစ်ခါတစ်ရံ database များတွင် stored procedure အဖြစ်လည်းကောင်း၊ စာအုပ် သို့ အခြား နေရာများတွင် code snippet အဖြစ်လည်းကောင်း တွေ့နိုင်သည်။ ရင်းမြစ်ကုဒ် များကို directory tree အဖြစ် သိမ်းဆည်းလေ့ရှိပြီး ၎င်းကို source tree ဟု ခေါ်လေ့ရှိသည်။
ကွန်ပျူတာ ပရိုဂရမ် များ၏ ရင်းမြစ်ကုဒ် များသည် ဖိုင် အစုအဝေး ဖြစ်ပြီး လူဖတ်နိုင်သော ပုံစံမှ ကွန်ပျူတာ အသုံးပြုနိုင်သော ပုံစံသို့ ပြောင်းပေးနိုင်သည်။ ရင်းမြစ်ကုဒ် များကို executable ဖိုင်လ် အဖြစ်သို့ compiler များဖြင့် ပြောင်းလည်း၍၎င်း သို့မဟုတ် interpreter ဖြင့် on the fly execute လုပ်နိုင်သည်။
programming လုပ်ငန်း တစ်ခု၏ code base သည် အားလုံးသော ပရိုဂရမ် များ၏ အလွန်များပြားသော ရင်းမြစ်ကုဒ် အစုအဝေးပင်ဖြစ်ပြီး ၎င်းလုပ်ငန်းကို ကိုယ်စားပြုသည်။
လိုင်းနက်စ်အင်ဖော်မေးရှင်းပရောဂျက်(Linux Information Project) မှ ရင်းမြစ်ကုဒ်ကို အောက်ပါအတိုင်း အဓိပ္ပာယ် သတ်မှတ်သည်။[1]
(အရင်းအမြစ် (source) (သို့) ကုဒ် (code) ဟုလည်းခေါ်ကြသော) ရင်းမြစ်ကုဒ် ဆိုသည်မှာ လူသားတစ်ဦးက (ကွန်ပျူတာထဲသို့ စာလုံးအယ်ဒီတာ (text editor သို့မဟုတ် IDE editor)ကို အသုံးပြု၍) ရေးသားခဲ့သည့် (လူသားများ ဖတ်နိုင်သည့် အက္ခရာနှင့် နံပါတ်စာလုံးများ)ဖြစ်သော သင်္ကေတစာလုံးများဖြင့် ဖွဲ့စည်းထားသည့် ဆော့ဖ်ဝဲ ပုံစံတစ်ခု ဖြစ်သည်။
(ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ၎င်းကို ကွန်ပျူတာနားလည်သော ကုဒ်အဖြစ်သို့ ပြောင်းလဲပြီးမှသာ ၎င်းကွန်ပျူတာအပေါ်တွင် ပရိုဂရမ်တစ်ခုအဖြစ် သုံးစွဲနိုင်သည်။ ကွန်ပျူတာနားလည်သောကုဒ်များကို ဘိုင်နရီ(binary) သို့မဟုတ် အော့ဘဂျက်ကုဒ်(object code)ဟုခေါ်ပြီး လူသားတစ်ဦးမှ တိုက်ရိုက်ဖတ်ရှုပါက သဘာဝဘာသာစကား(natural language)အနေဖြင့် နားမလည်နိုင်ပေ။)
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.