From Wikipedia, the free encyclopedia
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (အင်္ဂလိပ်: Arakan League for Democracy; အတိုကောက် ALD) သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲများစွာရရှိခဲ့ပြီး[2] အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။[3]
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | Arakan League for Democracy |
ခေါင်းဆောင် | အေးသာအောင် |
တည်ထောင်ခြင်း | ၂၇ စက်တင်ဘာ ၁၉၈၉ |
ဖျက်သိမ်းခြင်း | ၁၃ ဇန်နဝါရီ ၂၀၁၄[1] |
ဌာနချုပ် | ၃၇၃ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ |
ရွေးကောက်ပွဲသင်္ကေတ | |
ဖိုင်:Ald-logo-lamp.jpg | |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ လက်ထက်တွင် ပါတီဖျက်သိမ်းခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[4]
၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[5] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[6][7][8][9][10]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.