From Wikipedia, the free encyclopedia
ရခိုင်အမျိုးသားပါတီ (အင်္ဂလိပ်: Rakhine National Party; သို့မဟုတ် Arakan National Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်လူမျိုးများ ကိုယ်စားပြု ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ရခိုင်လူမျိုး အခွင့်အရေး နှင့် ကွန်ဆာဗေးတစ် ဝါဒ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ လက်ယာ ဖြစ်သည်။[1] [2]
ရခိုင်အမျိုးသားပါတီ | |
---|---|
အင်္ဂလိပ် အမည် | Arakan National Party(ANP) |
ဥက္ကဋ္ဌ | ဦးသာထွန်းလှ |
တည်ထောင်ခြင်း | ၆ မတ် ၂၀၁၄ |
ဌာနချုပ် | စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
နိုင်ငံရေး သဘောတရား | ရခိုင်လူမျိုး အခွင့်အရေး နှင့် ကွန်ဆာဗေးတစ် ဝါဒ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၁၃ / ၄၄၀
|
ရခိုင်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၂၂ / ၄၇
|
တိုင်းရင်းသားရေးရာဝန်ကြီးများ | ၁ / ၂၉
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခဲ့သည်။[3][4][5] ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် (၂) မှ ရွေးကောက်ခံ ပြည်နယ်အမတ် ဦးညီပုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုပြုတင်သွင်းလိုက်သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှလွဲ၍ ကျန်ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော် မပြီးခင် ထွက်ခွာသွားခဲ့ကြသည်။[6]
၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[7] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[5][8][9][10][11]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.