ယောင်ဂယ်ဆိုမွန်
From Wikipedia, the free encyclopedia
ယောင်ဂယ်ဆိုမွန် (အင်္ဂလိပ်: Yeon Gaesomun[1] (၆၀၃–၆၆၆)) သည် ဂိုဂုယောတိုင်းပြည်၏ ကျဆင်းယုတ်လျော့လာသော နေ့ရက်များ၌ အာဏာထက်သော စစ်အာဏာရှင်ဖြစ်သည်။[2] ဂိုဂုယောသည် ကိုရီးယားရှေးသမိုင်း၏ သုံးပြည်ထောင်ခေတ် (သို့) ပြည်ထောင်သုံးခုရှိသောခေတ်မှ တိုင်းပြည်တစ်ပြည်ဖြစ်သည်။ ဧကရာဇ် ထိုင်ဇုံး (လီရှိမင်း) နှင့် ဆက်ခံသော သားဖြစ်သူ ဧကရာဇ် ကောက်ဇုံး တို့လက်ထက်ထန်မင်းဆက်၏ ထိုးစစ်ကို အောင်အောင်မြင်မြင် ခုခံကာကွယ်နိုင်ခဲ့သူအဖြစ် အမှတ်ရကြပေသည်။[2]
ယောင်ဂယ်ဆိုမွန် | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
![]() Portrait of Yeon Gaesomun | |||||||||||||
Dae Magniji (ဂိုဂုယော၏ မဟာနန်းရင်းဝန်) | |||||||||||||
တာဝန်သက်တမ်း ၆၄၂ – ၆၆၅ | |||||||||||||
ယခင်လူ | Noneq | ||||||||||||
ဆက်ခံသူ | ယောင် နမ်ဆမ် | ||||||||||||
ကိုယ်ရေး အချက်အလက်များ | |||||||||||||
မွေးဖွား | ၆၀၃ | ||||||||||||
ကွယ်လွန် | ၆၆၆ | ||||||||||||
သားသမီး | Yeon Nam-saeng Yeon Nam-geon Yeon Namsan | ||||||||||||
ဖခင် | Yeon Taejo | ||||||||||||
|
ရိုးရာ ကိုးရီးယားသမိုင်းများက ယောင်ဂယ်ဆိုမွန်သည် အာဏာရှင်ဆန်သော စစ်ခေါင်းဆောင်၊ ၎င်း၏ ရက်စက်သော မူဝါဒများနှင့် ဘုရင်၏ အမိန့်ကို နာခံမှုမရှိခြင်းများက ဂိုဂုယော၏ ကျဆုံးမှုကို ဦးတည်ဖြစ်ပေါ်စေခဲ့သည်ဟူ၍ ချယ်မှုန်းရေးသားကြသည်။ သို့ရာတွင် တရုတ်တို့၏ တိုက်စစ်ဆင်မှုများကို ကာကွယ်ရာတွင် ၎င်း၏ အောင်မြင်မှုများသည် ကိုရီးယားမျိုးချစ်ဝါဒီများကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် သိသိသာသာမှာ ၁၉ ရာစု ကိုရီးယား သမိုင်းပညာရှင် ဆင်ချေးဟိုက ယောင်ဂယ်ဆိုမွန်ကို ကိုရီးယားသမိုင်း၏ အကြီးကျယ်ဆုံး သူရဲကောင်းဟု ပင်ဖော်ပြသည်အထိ စေ့ဆော်ပေးနိုင်ခဲ့သည်။ ယနေ့ခေတ် ပညာရှင်များကလည်း ဆင်ချေးဟိုကို ပဲ့တင်ထပ်ပြောဆိုကြ၍ ယောင်းဂယ်ဆိုမွန်ကို ကိုရီးယားသမိုင်း၌ ပြိုင်ဖက်မရှိသော တိုင်ပြုပြည်ပြုသမားတစ်ယောက်ဟူ၍ ချီးကြူးထောမနာပြုကြလေသည်။