ဓာတုဓာတ်ပေါင်း From Wikipedia, the free encyclopedia
သေနတ်နှင့် အမြောက်မြားတွင် အသုံးပြုကြသော ရိုးရိုး
ယမ်းနှင့် မီးကျည်မီးပန်းများတွင် အသုံးပြုကြသော ယမ်းများ
သည် ထိုယမ်းများတွင် ပါဝင်လျက်ရှိသော ယမ်းစိမ်းကြောင့်
သာ ပေါက်ကွဲနိုင်သည့် သတ္တိရှိနေခြင်း ဖြစ်သည်။ ဓာတုဗေဒ
ပညာရှင်အဖို့တွင် ရိုးရိုးယမ်းစိမ်းသည် ပိုတက်စီယမ်နိုက်ထရိတ်
ဖြစ်၍ ဓာတုသင်္ကေတအဖြစ်နှင့် ထိုပစ္စည်းကို KNO
3 ဟု
ရေးသည်။ ထိုသင်္ကေတကို ကြည့်ခြင်းဖြင့် ထိုပစ္စည်း၌
မည်သည့်ဓာတ်ပစ္စည်းများ ပါဝင်လျက်ရှိသည် ဆိုသည်ကို
သိနိုင်လေသည်။ ယမ်းစိမ်းသည် မျက်နှာပြင် ခြောက်မျက်နှာ
ရှိသော အရောင်မဲ့ပုံဆောင်ခဲ ဖြစ်သည်။ အရသာမှာ အေး၍
ငန်သည်။ ရေတွင် ပျော်ဝင်နိုင်သော်လည်း အယ်လကိုဟောတွင်
မပျော်ဝင်နိုင်ချေ။ ယမ်းစိမ်းကို ယမ်းနှင့် မီးကျည်မီးပန်း
လုပ်ငန်းတွင်သာမက မြေဩဇာလုပ်ငန်းနှင့် နိုက်ထရစ်အက်ဆစ်
ချက်သည့် လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သည်။ ထို့ပြင်
ယမ်းစိမ်းသည် အပုပ်ကို နိုင်သဖြင့် အသားများကို တာရှည်ခံ
အောင် ပြုလုပ်ရာတွင်လည်း ယင်းကို အသုံးပြုနိုင်သည်။ အချို့
ဆေးဆိုးရာတွင်လည်း ယမ်းစိမ်းကို ထည့်၍ အသုံးပြုကြရ
သည်။ မီးခြစ်ဆံခေါင်းများတွင်လည်း ထည့်၍ သုံးကြသည်။
ယမ်းစိမ်းကို နိုင်ငံအမြောက်အမြားတွင် သဘာဝ
အလျောက် ရရှိနိုင်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်
စု နိုင်ငံရှိ ကင်တပ်ကီးပြည်နယ်၊ ဗာဂျင်းနီးယားပြည်နယ်နှင့်
အင်ဒီးယားနားပြည်နယ်တို့ရှိ ဂူများမှ ရရှိနိုင်သည့်အပြင်၊ စပိန်၊
အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း ရရှိနိုင်လေသည်။
ရိုးရိုးယမ်းစိမ်းကို များသောအားဖြင့် တောင်အမေရိက
တိုက် ချီလီနိုင်ငံမှ ရရှိသော ယမ်းစိမ်းမှ လုပ်ယူလေ့ရှိကြသည်။
ထိုနိုင်ငံတွင် ယမ်းစိမ်းများသည် အထပ်လိုက် တည်ရှိနေကြလေ
သည်။ အချို့နေရာများတွင် အထပ်များသည် ၁ဝ ပေမျှပင်
ထူကြ၍ အရှည်တွင် မိုင်ပေါင်း ၄၅ဝ ပင်ရှည်ပြီးလျှင် အကျယ်
တွင် ငါးမိုင် မှ မိုင် ၄ဝ အထိ ရှိလေသည်။ ထိုယမ်းစိမ်းကို
ဓာတုဗေဒအလိုအရ ဆိုဒီယမ်နိုက်ထရိတ်ဟု ခေါ်၍ ဓာတု
သင်္ကေတဖြင့် NaNO3 ဟု ရေးသည်။ ထိုယမ်းစိမ်းသည်
လေထုအတွင်းမှ ရေငွေ့ကို စုပ်ယူထားသဖြင့် ယင်းကို ယမ်းပြု
လုပ်ရာတွင် အသုံးမပြုနိုင်ချေ။ သို့သော် ထိုသို့ လေထုအတွင်း
မှ ရေငွေ့ကို စုပ်ယူထားခြင်းကြောင့် ထိုယမ်းစိမ်းသည် မြေဩ
ဇာအဖြစ် အသုံးပြုရာတွင် ပိုမိုကောင်းမွန်လေသည်။
![]() | |||
| |||
အမည် | |||
---|---|---|---|
IUPAC name
Potassium nitrate | |||
အခြားအမည်များ | |||
အမှတ်အသားများ-->
--> --> --> ----- templatepar ----- --> | |||
CAS Number |
7757-79-1 | ||
ChEMBL | ChEMBL1644029 | ||
ChemSpider | 22843 | ||
EC Number | 231-818-8 | ||
Jmol 3D model | Interactive image | ||
KEGG | D02051 | ||
PubChem | 24434 | ||
RTECS number | TT3700000 | ||
UNII | RU45X2JN0Z | ||
UN number | 1486 | ||
InChI
| |||
SMILES
| |||
ဂုဏ်သတ္တိများ | |||
KNO3 | |||
Molar mass | 101.1032 g/mol | ||
ရုပ်အဆင်း | white solid | ||
အနံ့ | odorless | ||
သိပ်သည်းမှု | 2.109 g/cm3 (16 °C) | ||
အရည်ပျော်မှတ် | ၃၃၄ ဒီဂရီ စင်တီဂရိတ် (၆၃၃ ဒီဂရီ ဖာရင်ဟိုက်; ၆၀၇ ကယ်လ်ဗင်) | ||
ရေဆူမှတ် | decomposes at 400 °C | ||
ရေထဲပျော်ဝင်မှု |
133 g/L (0 °C) 316 g/L (20 °C) 2460 g/L (100 °C)[3] | ||
ပျော်ဝင်မှု | slightly soluble in ethanol soluble in glycerol, ammonia | ||
ဘေ့စ်ပါဝင်မှု (pKb) | 15.3[4] | ||
Magnetic susceptibility (χ) |
−33.7·10−6 cm3/mol | ||
Refractive index (nD) |
1.335, 1.5056, 1.5604 | ||
တည်ဆောက်ပုံ | |||
ပုံဆောင်ခဲ ဖွဲ့စည်းပုံ |
Orthorhombic, Aragonite | ||
သာမိုဓာတုဗေဒ | |||
Specific heat capacity (C) |
95.06 J/mol K | ||
Std enthalpy of formation (ΔfH |
-494.00 kJ/mol | ||
အန္တရာယ် | |||
ပင်မ အန္တရာယ်များ | Oxidant, Harmful if swallowed, Inhaled, or absorbed on skin. Causes Irritation to Skin and Eye area. | ||
Safety data sheet | ICSC 0184 | ||
EU classification (DSD) |
Oxidant (O) | ||
R-phrases | တမ်းပလိတ်:R8 တမ်းပလိတ်:R22 တမ်းပလိတ်:R36 R37 တမ်းပလိတ်:R38 | ||
S-phrases | တမ်းပလိတ်:S7 S16 တမ်းပလိတ်:S17 S26 တမ်းပလိတ်:S36 တမ်းပလိတ်:S41 | ||
NFPA 704 | |||
Flash point | Non-flammable | ||
Lethal dose or concentration (LD, LC): | |||
LD50 (median dose) |
1901 mg/kg (oral, rabbit) 3750 mg/kg (oral, rat)[5] | ||
ဆက်စပ် ဒြပ်ပေါင်းများ | |||
Other anions |
Potassium nitrite | ||
Other cations |
Lithium nitrate Sodium nitrate Rubidium nitrate Caesium nitrate | ||
ဆက်စပ် ဒြပ်ပေါင်းများ |
Potassium sulfate Potassium chloride | ||
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa). | |||
verify (what is ?) | |||
Infobox references | |||
မြေဩဇာအဖြစ်ဖြင့် အသုံးပြုနိုင်သော အခြားယမ်းစိမ်း တစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ကယ်လဆီယမ် နိုက် ထရိတ် ဖြစ်၍ ယင်းကို ဓာတုသင်္ကေတဖြင့် ဂ္ဂေ (န္ဒဥ၃)၂ ဟု ရေးသည်။
ယမ်းစိမ်းများကို ထိုကဲ့သို့ သဘာဝအလျောက် ရရှိနိုင် သည့်အပြင်၊ ဓာတ်စမ်းခန်းများ အတွင်းတွင်လည်း ပြုလုပ်ယူ ကြသေးသည်။ ပြုလုပ်ပုံမှာ ပိုတက်ဆီယမ် ကလိုရိုက်ကို ဆိုဒီယမ်နိုက်ထရိတ်နှင့် ဓာတ်သဘောအရ ပေါင်းစပ်အောင် ပြုလုပ်ယူခြင်း ဖြစ်သည်။[6]
Seamless Wikipedia browsing. On steroids.