မြောက်ကမ္ဘာလုံးခြမ်း
အီကွေတာမြောက်ဘက် ကမ္ဘာတစ်ခြမ်း / From Wikipedia, the free encyclopedia
မြောက်ကမ္ဘာလုံးခြမ်းဟူသည် အီကွေတာမှ မြောက်ဘက် ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ ကမ္ဘာသည် တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် မြောက်ကမ္ဘာလုံးခြမ်းဒေသရှိ ဆောင်းရာသီမှာ ဆောင်းယဉ်စွန်းချိန် (ပုံမှန်အားဖြင့် ဒီဇင်ဘာလ ၂၁ ရက်)မှ မတ်လ ၂၀ ရက်အထိဖြစ်ပြီး၊ နွေရာသီကာလမှာ နွေယဉ်စွန်းချိန် (ပုံမှန်အားဖြင့် ဇွန်လ ၂၁ ရက်)မှ စက်တင်ဘာလ ၂၃ ရက်အထိ ဖြစ်သည်။