မြေအောက်ပုံပြင်
From Wikipedia, the free encyclopedia
Undertale(အန်ဒါတေးလ်) မြေအောက်ပုံပြင် သည် အမေရိကန်ဂိမ်းတီထွင်သူ တိုဘီဖော့စ် မှ ဖန်တီးခဲ့သော ၂၀၁၅ ခုနှစ် 2D role-playing ဗီဒီယိုဂိမ်းတစ်ခုဖြစ်သည်။ ကမ္ဘာ့မြေအောက်ရှိ မှော်အတားအဆီးတို့ဖြင့် ခြားထားသော မွန်းစတားများနေထိုင်ရာ ကြီးမားသည့် သီးခြား အောက်ကမ္ဘာသို့ မတော်တဆပြုတ်ကျသွားသော ဖရစ်ဟုအမည်ရသည့် ကလေးငယ်နေရာတွင် ဆော့ကစားရမည်ဖြစ်သည်။ ကစားသမားသည် ကမ္ဘာ့မြေပြင်အပေါ်သို့ ပြန်ရာလမ်းခရီးစဉ်တွင် မွန်းစတားမျိုးစုံများနဲ့ တွေ့ရပြီး မွန်းစတားအချို့နဲ့ တိုက်ပွဲသတ်ပွဲများ ဆင်နွှဲကြရသည်။တိုက်ပွဲများအတွင်းတွင် ကစားသမား၏စိတ်ဝိညာဉ်ကို ကိုယ်စားပြုသည့် နှလုံးသားကို ထိန်းချုပ်ရပြီး ရန်သူ မွန်းစတား၏ ကျည်ဆန်တိုက်ခိုက်မှုများကို ရှောင်ရှားရမည်ဖြစ်သည်။
Undertale | |
---|---|
![]() | |
ဖန်တီးသူ | တိုဘီဖော့စ် [မှတ်စု 1] |
ထုတ်ဝေသူ |
|
ဒီဇိုင်းနာ | တိုဘီဖော့စ် |
ဂိမ်းအနုပညာရှင် | Temmie Chang |
တေးရေး | တိုဘီဖော့စ် |
ဂိမ်းအင်ဂျင် | ဂိမ်းမိတ်ကာစတူဒီယို |
ပလက်ဖောင်း |
|
ဖြန့်ချီသည့်နေ့စွဲ | September 15, 2015
|
ဂိမ်းအမျိုးအစား | Role-playing |
Mode(s) | Single-player |
တမ်မီချန် နှင့် အခြားဧည့်သည်ဒီဇိုင်နာများ၏ အနုပညာလက်ရာများနှင့် ဇာတ်ကောင်ဒီဇိုင်းများအပြင် ဖော့စ် သည် ဇာတ်ညွှန်းနှင့်ဂီတအပါအဝင်ဂိမ်းတစ်ခုလုံးကို ကိုယ်တိုင်ဖန်တီးခဲ့သည်။ အန်ဒါတေးလ်ကို မူလက ၂နာရီခန့် ကစားချိန်ရှိသောဂိမ်းတစ်ခုအဖြစ် စီစဉ်ထားသော်လည်း ပုံမှန်အားဖြင့်၆နာရီမှ ၈နာရီအထိရှိပြီး ရွေးချယ်မှု၊ ကစားမှုပုံစံတို့အပေါ် မူတည်၍ နာရီ ၂၀ နှင့် နာရီ ၂၀အထက်အချိန်ကြာနိုင်သည်။ ၎င်းကို ၂၀၁၄နှစ်လယ်တွင် ဖြန့်ချိရန် စီစဉ်ထားသော်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နှောင့်နှေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဂိမ်းသည် OS X နှင့် ဝင်းဒိုးစ် အတွက် စက်တင်ဘာလ ၂၀၁၅ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ၂၀၁၆ခုနှစ် ဇူလိုင်လတွင် လင်းနပ်စ် ၊ 2017ခုနှစ် ဩဂုတ်လတွင် ပလေးစတေရှင် ၄ နှင့် ပလေးစတေရှင် ဗီတာ ၊ ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် နင်တန်းဒို ဆွစ်ချ် နှင့် ၂၀၂၁ခုနှစ် မတ်လတွင် အိတ်ဇ်ဘောက်စ်ဝမ်း တို့တွင်ထွက်ရှိခဲ့သည်။ ဂိမ်းသည် ကော်ပီတစ်သန်းကျော် ရောင်းချခဲ့ရပြီး ဆုများနှင့် အမည်စာရင်းများ တင်သွင်းခံခဲ့ရသည်။အန်ဒါတေးလ်ကို တစ်နှစ်တာအကောင်းဆုံးဂိမ်း အဖြစ် စာရင်းသွင်းထားပြီး အခြားဂိမ်းများသည် ၎င်းကို ဖန်တီးဖူးသမျှတွင် အကောင်းဆုံးဗီဒီယိုဂိမ်း များထဲမှတစ်ခုအဖြစ် စာရင်းသွင်းကြသည်။ ဆက်စပ်သောဂိမ်းတစ်ခုဖြစ်သည့် ဒယ်လ်တာရွန်အခန်းနှစ်ခန်းကို ၂၀၁၈နှင့် ၂၀၂၁ခုနှစ်တွင် ထုတ်ဝေခဲ့သည်။