From Wikipedia, the free encyclopedia
မြေလူးငှက်ဗိုက်နီ (Naumann's Thrush) သည် ဆိုက်ဘေးရီးယားအလယ်ပိုင်းမှ မန်ချူးရီးယားဒေသများတွင် သားပေါက်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှ၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့တွင် ဆောင်းခိုတတ်သည့်ငှက်ဖြစ်သည်။ သစ်ပင်များပေါ်တွင် အသိုက်ပြုလုပ်တတ်ကြပြီး ဥ ၃-၅ လုံး ဥတတ်သည်။ တီကောင်၊ ခြင်နှင့် အင်းဆက်များကို စားသောက်သည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[2]
မြေလူးငှက်ဗိုက်နီ (Naumann's Thrush) | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Turdidae |
မျိုးစု: | Turdus |
မျိုးစိတ်: | T. naumanni |
ဒွိနာမ | |
Turdus naumanni Temminck, 1820 | |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.