From Wikipedia, the free encyclopedia
မြီးရှေ(Mixian)သည် ဆန်ခေါက်ဆွဲနှင့် အသားတို့ဖြင့် ပြုလုပ်သော မြန်မာအစားအသောက်တစ်မျိုး ဖြစ်သည်။ မြီးရှေအမည်သည် တရုတ်စကားလုံး 米線Mixian မီရှန့် (rice string) မှဆင်းသက်လာသည်ဟု ဆိုကြသည်။
မြီးရှေ | |
အဓိကသုံးဆောင်မှု | နံနက်စာ၊ နေ့လယ်စာ |
---|---|
မူရင်းနိုင်ငံ | မြန်မာနိုင်ငံ |
ဒေသ | ရှမ်းပြည်နယ် |
အဓိက ပါဝင်ပစ္စည်း | ဆန်ခေါက်ဆွဲအလတ်လုံးရှည်၊ အသား (ကြက်၊ ဝက်)၊ ပဲပင်ပေါက်၊ ဆန်ကော်ရည်၊ ဆီချက်အနီ ကြက်သွန်ဖြူထောင်း၊ ပဲငပိ၊ ဂျုံစအုကြော်၊ ငရုတ်သီးမှုန့်။ |
Cookbook: မြီးရှေ Media: မြီးရှေ |
မြီးရှည် မူလအစမှာ မိုးကုတ်/ရှမ်း မြီးရှေဖြစ်ပြီး အသားကို ကြက်သွန်နီနှင့် ငံပြာရည်အနည်းငယ်ဖြင့် ချက်ပြုတ်ထားပြီး ဆန်ခေါက်ဆွဲနှင့် ရောစပ်ထားသည်။ အသားဆော့စ်နှင့်အတူ ပဲငံပြာရည်၊ ကြက်သွန်ဖြူဆီချက် ၊ ငရုပ်သီးဆီ၊ ကြက်သွန်နီကြော်၊ နွေကြက်သွန်နီနှင့် နံနံတို့ကို ရောထည့်ပြီး ချက်ပြုတ်ပြီး စားသောက်ရသည်။
မြန်မာနိုင်ငံတွင် နေရာဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးဖြင့် မြီးရှေအရသာအမျိုးမျိုးရှိသလို မန္တလေးမြီးရှေသည်လည်း ထူးခြားသော အရသာရှိသည်။ မုန့်ဖတ်၊ ကော်ရည်၊ ငရုတ်ဆီ၊ ပဲငံပြာရည်၊ ဆီချက်၊ ငရုတ်သီးမုန့်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူထောင်း၊ ဂျုံစအုကြော်၊ ပဲငပိ မုန်ညင်းချဉ်တို့မှာ မန္တလေးမြီးရှေတွင် ပင်တိုင်ဖြစ်သည်။
မြေအိုးမြီးရှေသည် မြေအိုးထဲတွင် ထည့်ပြီးချက်ပြုတ်ထားပြီး ယူနန်ပြည်နယ်မှ ဟင်းလျာ ၁မျိုး နှင့် ပုံစံတူသည်။ ဟင်းလျာတွင် ဟင်းချိုပမာဏ ပိုများပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ပါဝင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.