မြိတ်ကျွန်းစု
မြန်မာနိုင်ငံရှိ ကျွန်းစု / From Wikipedia, the free encyclopedia
မြိတ်ကျွန်းစု (အင်္ဂလိပ်: Mergui Archipelago or Myeik Archipelago) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။