မြသွဲ့သွဲ့ခိုင် သေဆုံးမှု
၂၀၂၁ နွေဦးတော်လှန်ရေး ဇာနည်မေ / From Wikipedia, the free encyclopedia
မမြသွဲ့သွဲ့ခိုင်[1] (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီ ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။[2] ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။[3] သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။
အချက်တိုများ မြသွဲ့သွဲ့ခိုင်, မွေးဖွား ...
မြသွဲ့သွဲ့ခိုင် | |
---|---|
မွေးဖွား | (2001-02-11)ဖေဖော်ဝါရီ ၁၁၊ ၂၀၀၁ |
ကွယ်လွန် | ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၉) (အသက် ၂၀) နေပြည်တော် တောင်ညိုလမ်း သပြေကုန်းအဝိုင်းအနီး[1] |
သေဆုံးရခြင်း အကြောင်းရင်း | ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ အတွင်း သေနတ်ဖြင့် ပစ်ခံရခြင်း |
ပိတ်ရန်