မြန်မာ အမျိုးသား အသက် ၂၀ နှစ်အောက် ဘောလုံးအသင်း
From Wikipedia, the free encyclopedia
အသက် (၂၀) အောက် မြန်မာအမျိုးသား ဘောလုံးအသင်းသည် အသက် (၂၀) အောက် လက်ရွေးစင် ဘောလုံးသမားများဖြင့် စုစည်းထားသော အသင်းတစ်သင်းဖြစ်သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မြန်မာဘောလုံးအသင်းသည် ယူ-၁၉/ယူ-၂၀ အာရှဖလားပြိုင်ပွဲများတွင် ထိပ်ဆုံးမှ လွှမ်းမိုးထားနိုင်ခဲ့သည်။ ရှစ်ကြိမ်မျှ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရပြီး ခုနှစ်ကြိမ် ဖလားကို ရရှိခဲ့သည်။ မြန်မာဘောလုံးအသင်းသည် ၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ခြင်းကြောင့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ယင်းသည် မြန်မာ ယူ-၂၀ ဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ် ကမ္ဘာအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။