![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/cb/Taiwan_Myanmar_Locator.svg/langmy-640px-Taiwan_Myanmar_Locator.svg.png&w=640&q=50)
မြန်မာ–တရုတ်သမ္မတနိုင်ငံ ဆက်ဆံရေး
နှစ်နိုင်ငံဆက်ဆံရေး / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံနှင့်တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) တို့သည် ၁၉၄၇ မှ ၁၉၄၉ အထိ တရားဝင်သံတမန်ဆက်ဆံရေး ရှိခဲ့သည်။ ၁၉၅၀ တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုလိုက်သဖြင့် တရားဝင်ဆက်ဆံမှုမရှိတော့ပေ။ ၂၀၁၀ ဝန်းကျင်မှစ၍ စီးပွားရေးအရ ဆက်ဆံမှုများရှိနေပြီး ၂၀၁၅ ခုနှစ်မှစ၍ ဒီဖက်တိုသံတမန်ဆက်ဆံရေးကိုစတင်ခဲ့သည်။[1] ၂၀၁၆ တွင် သမ္မတဖြစ်လာသော ချိုင်အင်းဝမ်သည် မိမိချမှတ်ထားသော တောင်ဘက်ပေါ်လစီအသစ် (New Southbound Policy) အရ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လိုသည် ဟုဆိုခဲ့သည်။[2]