မြန်မာ့ဗိသုကာ
From Wikipedia, the free encyclopedia
အရှေ့တောင်အာရှဒေသတွင် တည်ရှိသော မြန်မာနိုင်ငံတွင် များပြားလှသော ဗိသုကာလက်ရာများ ရှိ၏။ ထင်ရှားသော အဆောက်အအုံများတွင် ဗုဒ္ဓစေတီများ၊ ဘုရားများ၊ ဗြိတိသျှကိုလိုနီခေတ် အဆောက်အဦများ၊ ပြန်လည်ပြုပြင်တည်ဆောက်ထားသည်များလည်း ပါဝင်၏။ နိုင်ငံ၏ ရိုးရာဗိသုကာလက်ရာများသည် ဘုရားရှင်၏ ဓာတ်တော်များ ဌာပနာထားသည့် နေရာများ၊ ဘုရားဖူးရန် နေရများ၊ ကိုးကွယ်မှုနှင့် ဆိုင်သည်များ၊ နိုင်ငံခြားသားများနှင့် နိုင်ငံရေးနှင့်ဆိုင်သည်များ စသည်တို့ ဖြစ်ကြသည်။[1]