မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အင်္ဂလိပ်: All Burma Students' Democratic Front; အတိုကောက် ABSDF; မ၊ က၊ ဒ၊ တ) သည် မြန်မာနိုင်ငံ နယ်စပ်တလျောက် အခြေစိုက်ထားသည့် အင်အားအကြီးမားဆုံး လူငယ်၊ ကျောင်းသား အဖွဲ့အစည်း ဖြစ်သည်။ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်အတူ တိုက်ပွဲဝင်နေသော အတိုက်အခံ အဖွဲ့အစည်း ဖြစ်သည်။ မြန်မာ စစ်အစိုးရအား လက်နက်ကိုင် တိုက်ခိုက်နေသော အဖွဲ့အစည်းတရပ်ဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲ အတွက် ၁၉၈၈ ကတည်းက ကျောင်းသားတပ်မတော် ကို ဖွဲ့စည်းခဲ့သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး | |
---|---|
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ညီလာခံတစ်ခု (မတ် ၂၀၁၄) | |
လှုပ်ရှား | ၁ နိုဝင်ဘာ ၁၉၈၈ (၁၉၈၈-၁၁-၀၁)–လက်ရှိ |
ခံယူချက် | Liberal democracy[1] Political freedom Antimilitarism |
ဦးဆောင်သူများ | ဦးသံခဲ ဦးမျိုးဝင်း Sonny Mahinder |
ဌာနချုပ် | Mobile headquarters |
လှုပ်ရှားသည့် ဧရိယာ | မြန်မာ-ထိုင်း နယ်စပ်; မြန်မာ-တရုတ် နယ်စပ် |
အင်အား | ၆၀၀[1]–၁,၀၀၀[2] |
မဟာမိတ် | ကချင်လွတ်မြောက်ရေးတပ်မတော် |
ပြိုင်ဘက် | မြန်မာနိုင်ငံအစိုးရ ပြည်ထောင်စုမြန်မာနိုင်ငံ (၂၀၁၁ အထိ) |
အလံ | |
Insignia |
၁၉၉၁ တတိယအကြိမ် ညီလာခံတွင် မိုးသီးဇွန် ဦးဆောင်သော အဖွဲ့ နှင့် Dr. နိုင်အောင် ဦးဆောင်သောအဖွဲ့ နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ၁၉၉၆ စက်တင်ဘာ လ ၅ ရက်တွင် ပြန်လည်ပေါင်းစည်းခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ကြေညာခဲ့သည်။[3]