မြန်မာကျပ်ငွေ
မြန်မာနိုင်ငံ၌ အသုံးပြုသော ငွေကြေးအမျိုးအစား / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံတွင် အသုံးပြုသော ငွေကြေးကို ငွေဟုလည်းကောင်း၊ ပိုက်ဆံ ဟုလည်းကောင်းခေါ်ကြသည်။ ပိုက်ဆံဟူသည်မှာ အိန္ဒိယနိုင်ငံမှ အကြွေစေ့ကိုခေါ်သော ဝေါဟာရတစ်မျိုးကို လိုက်လံပြောဆိုရာမှ အသုံးတွင်လာခြင်းဖြစ်သည်။ အဆိုပါငွေကို ရေတွက်တိုင်းတာသော အရေအတွက်ပြ ဝေါဟာရမှာမူ "ကျပ်" ဖြစ်သည်။ တစ်ကျပ်လျှင် ပြားတစ်ရာအထိ စိတ်ပိုင်းထားပြီး အသုံးပြုသောစနစ်ဖြစ်သည်။ အသေးဆုံး ရေတွက်သည့် ယူနစ်မှာ "ပြား" ဖြစ်သည်။ အသေးငယ်ဆုံး ငွေကြေးမှာ တစ်ပြားဖြစ်ပြီး၊ အကြီးဆုံး ငွေစက္ကူမှာ ၁၀,၀၀၀ ကျပ်တန်ဖိုးရှိသည်။တစ်ကျပ်ကို ၁ိ ဟုရေးနိုင်ပြီး တစ်ပြားကို ၁ါး ဟုရေးနိုင်သည်။
မြန်မာကျပ်ငွေ | |||||
---|---|---|---|---|---|
ကျပ် | |||||
| |||||
ISO 4217 | |||||
ကုဒ် | MMK | ||||
ယူနစ် ပိုင်းခြားသတ်မှတ်ပုံ | |||||
ယူနစ်ခွဲ | |||||
1/100 | ပြား | ||||
ငွေကြေးသင်္ကေတ | K | ||||
ငွေစက္ကူများ | 50 pyas, K1, K5, K10, K20, K50, K100, K200, K500, K1000, K5000, K10,000, | ||||
ဒင်္ဂါးပြားများ | K1, K5, K10, K50, K100 | ||||
လူမှုပထဝီ | |||||
အသုံးပြုသူ(များ) | မြန်မာ | ||||
ထုတ်ဝေခြင်း | |||||
ဗဟိုဘဏ် | မြန်မာနိုင်ငံတော်ဗဟိုဘဏ် | ||||
ဝဘ်ဆိုဒ် | cbm.gov.mm | ||||
တန်ဖိုး | |||||
ငွေကြေးဖောင်းပွမှု | ၈.၈% | ||||
ရင်းမြစ် | The World Factbook၊ ၂၀၁၉ ခန့်မှန်း |
၁၉၆၆-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် တော်လှန်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနသည် (၅၀)ပြား၊ (၂၅)ပြား၊ (၁၀)ပြား၊ (၅)ပြား စသော ငွေအကြွေ အသစ်များ ထုတ်ဝေသည်။ အဆိုပါ ငွေအကြွေများကို ဒန်သတ္တုနှင့် ထုတ်လုပ်၍ ငွေအကြွေစေ့မျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါရှိပြီး ကျောဘက်တွင် တန်ဖိုးကို စာဖြင့် ဖော်ပြထားသည်။ [1]
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အား စတင်ကျင့်သုံးသည့် ၁၉၆၂ ခုနှစ်ကစပြီး ဗဟိုက တိုင်းပြည်၏အရပ်ရပ်သော ကိစ္စရပ်များနှင့်အတူ ငွေကြေး၊ဘဏ္ဍာရေးစီမံခန့်ခွဲမှု အပါအဝင် ဘဏ်လုပ်ငန်းတို့အား ချုပ်ကိုင်သည်။[2]
၁၉၇၇ ခုနှစ်မှစ၍ အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည့် တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းအား ကျင့်သုံးသည်။[3] အမေရိကန် တဒေါ်လာ မြန်မာငွေ ၆ ကျပ်ကျော် ဟု အများသိကြသည်။ထိုစနစ်ကို နှစ် ၃၀ကျော် ဆက်တိုက် ကျင့်သုံးသည်။[4]
၂၀၁၂ ခုနှစ် ဧပြီ ၁ရက်မှစတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းအား ဈေးကွက် အခြေခံ သော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ဖြင့် အစားထိုး ပြောင်းလဲ ကျင့်သုံးသည်။[5] ပြောင်းလဲကျင့်သုံးသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်သစ်နှင့်အညီ ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ နေ့စဉ် ထုတ်ပြန်ကြေညာသည်။
၂၀၁၃ ဇူလိုင် ၁၁ရက်ကစပြီး သီးခြားရပ်တည်လိုက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ၏ ငွေရေးကြေးရေးကို စီမံခန့်ခွဲကိုင်တွယ်သည်။ [6] ယင်းနောက် ၂၀၁၈ ဩဂုတ် ၁၃ရက်တွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း အတိုး-အလျှော့ဝ.၈ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန်ညွှန်ကြားချက်အား ပယ်ဖျက်သည်။[7] ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်ကစပြီး ဈေးကွက်အခြေခံ ရည်ညွှန်းငွေလဲလှယ်နှုန်း စတင်ကျင့်သုံးသည်။ [8]
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ် က ရည်ညွှန်းငွေလဲနှုန်း အတိုး-အလျှော့ သတ်မှတ် ရာခိုင်နှုန်း ဘောင်အတွင်း ဆောင်ရွက်ရန် ပြန်လည်သတ်မှတ်သည်။ထိုနောက်ပိုင်း တရားဝင်ငွေလဲနှုန်း နှင့် ပြင်ပငွေလဲနှုန်းများ ထပ်မံပေါ်ပေါက်လာသည်။[9] ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဟု ဗဟိုဘဏ်က သတ်မှတ်ထားသည်။[10]
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ရက်က စပြီး ဗဟိုဘဏ် က ဆယ်စုနှစ်တစ်ခုကျော် ကျင့်သုံးခဲ့သော နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ပေးမှုအား ဖျက်သိမ်းကာ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှတင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးသည်။ [11]