ငှက်မျိုးစိတ်များ From Wikipedia, the free encyclopedia
မြစ်တွေးငှက် (အင်္ဂလိပ်: River tern) (Sterna aurantia) သည် ဇင်ယော်ငှက်မျိုးရင်းတွင်ပါဝင်သော ငှက်ဖြစ်ပြီး အီရန်နိုင်ငံ၏ ကုန်းတွင်းကျွန်းများမှ အိန္ဒိယတိုက်ငယ်၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအထိ သားပေါက်သည့်ငှက်များဖြစ်သည်။ ဤငှက်မျိုးစိတ်သည် မတ်လမှ မေလအထိ လူသူမရောက်သော သဲသောင်ပြင်များတွင် သားပေါက်သည်။ အသိုက်များကို မြေပြင်ပေါ်တွင် ပြုလုပ်လေ့ရှိပြီး စိမ်းညိုရောင်ဥများ ဥကြသည်။ မြစ်တွေးငှက်သည် ၃၈-၄၃ စင်တီမီတာရှိပြီး အပေါ်ပိုင်းတွင် မဲညိုရောင်၊ အောက်ပိုင်းတွင် အဖြူရောင်ရှိသည်။ နှုတ်သီးမှာ အဝါရောင်ဖြစ်ပြီး ခြေထောက်သည် အနီရောင်ရှိသည်။ ငှက်အဖိုနှင့်အမသည် ဆင်တူပင်ဖြစ်သည်။ မြစ်ချောင်းများရှိ ငါးများ၊ ရေနေအင်းဆက်များကို စားသုံးသည်။ မြစ်တွေးငှက်များ၏ စားကျက်များသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ ယင်းတို့၏စားကျက်တွင် လူများအခြေချနေထိုင်လာခြင်းတို့ကြောင့် ငှက်ကောင်ရေသည် ကျဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် သုတေသနပြုချက်အရ မြစ်တွေးငှက်ကောင်ရေ ၁၀၁ ကောင်၊ အသိုက်ပေါင်း ၂၉ သိုက်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပြီး သားပေါက်ရာသီအပြီး မျိုးပွားမှု ၄၀ရာခိုင်နှုန်းအောင်မြင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ငှက်ကောင်ရေ ၈၉ ကောင်၊ အသိုက် ပေါင်း ၂၃ သိုက်သာ တွေ့ရတော့သည်ဟုဆိုသည်။[2] ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[3]
မြစ်တွေးငှက် (River tern) | |
---|---|
Chambal River, India | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Charadriiformes |
မျိုးရင်း: | Laridae |
မျိုးဇာတ်: | Sternini |
မျိုးစု: | Sterna |
မျိုးစိတ်: | S. aurantia |
ဒွိနာမ | |
Sterna aurantia (J.E. Gray, 1831) | |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.