မြင်းခေါင်း နက်ဗျူလာ
အိုရိုင်ယွန်ကြယ်စုတန်းရှိ မည်းမှောင်နက်ဗျူလာ From Wikipedia, the free encyclopedia
Remove ads
မြင်းခေါင်း နက်ဗျူလာ (Barnard 33 ဟုလည်းသိထား) သည် အိုရိုင်ယွန် ကြယ်စုတန်းမှ နက်ဗျူလာနက်ဖြစ်သည်။[၁] ယင်းအား ၁၈၈၈ ခုနှစ်တွင် စကောတလန်လူမျိုး နက္ခတ္တပညာရှင် Williamina Fleming ဆိုသူက ဟာဗတ်ကောလိပ် နက္ခတာရာမျော်စင်၌ ပထမဆုံး မှတ်တမ်းတင်ခဲ့သည်။[၂] မြင်းခေါင်း နက်ဗျူလာသည် ကမ္ဘာမြေမှ အလင်းနှစ် ၁၅၀၀ နီးပါး ကွာဝေးသည်။ ယင်းနက်ဗျူလာသည် ကမ္ဘာမြေမှ ကြည့်ပါက မြင်းခေါင်းနှင့်တူသောကြောင့် ခွဲခြားမှတ်သားရန် အလွယ်ကူဆုံး နက်ဗျူလာများထဲမှ တစ်ခုဖြစ်သည်။[၃] နက်ဗျူလာ၏ အနီရောင်သမ်းနေသောအပိုင်းသည် နောက်ကွယ်မှ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ကြောင့်ဖြစ်သည်။[၄] မှောင်သော အခြမ်းများမှာ အလင်းအား ကာဆီးနေသည့် ထူထပ်သော ဖုန်မှုန်များကြောင့် ဖြစ်သည်။[၅][၆]
Remove ads
ဓာတ်ပုံများ
- Horsehead Nebula and Alnitak (William Henry Pickering; 1888).
- Horsehead Nebula captured with an H-alpha filter.
- View with a regular telescope and camera.
- View from the ESO (2002).

ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads