မြင်းကောင်ရေအား
From Wikipedia, the free encyclopedia
မြင်းကောင်ရေအား (Horsepower) ဆိုသည်မှာ အင်ဂျင်စက်များတွင် မြင်းကောင်ရေအား မည်ရွေ့မည်မျှ ရှိသည်ဆိုသော အချက်ကို ပြောဆိုသည့် စကားလုံးဖြစ်သည်။ မြင်းတကောင်အားသည် လျှပ်စစ်အား ၇၄၆-ဝပ်နှင့် ညီမျှလေသည်။[1] မြင်းတစ်ကောင်သည် တစ်မိနစ်တွင် ပေါင် ၃၃၀၀၀ ကို တစ်ပေ ရွေ့လျားအောင် ဆွဲငင်နိုင်စွမ်းရှိသည်ဟု တွက်ဆကြသည်။ ဂျိမ်းစဝပ်က စတင်သုံးစွဲသည်ဟု ယူဆရ၏။[2]