From Wikipedia, the free encyclopedia
မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်သည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိသည်။ သိပ်သည်းဆ ၂.၇၁ ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်သည်။ တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြား၊ နီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။[1]
မြ | |
---|---|
ကိုလံဘီယာ မြ ကျောက်ရိုင်းတုံး | |
ယေဘုယျ | |
ကဏ္ဍ | မျက်ရွဲ မျိုးကွဲ |
ဖော်မျူလာ (repeating unit) | Be3Al2(SiO3)6 |
ပုံဆောင်ခဲ စနစ် | Hexagonal (6/m 2/m 2/m) Space group: P6/mсc |
Space group | (6/m 2/m 2/m) – dihexagonal dipyramidal |
Unit cell | a = 9.21 Å, c = 9.19 Å; Z = 2 |
ခွဲခြားသတ်မှတ်ခြင်း | |
ဖော်မျူလာ ဒြပ်ထု | 537.50 |
အရောင် | Bluish green to green |
Crystal habit | Massive to well Crystalline |
Cleavage | Imperfect on the [0001] |
Fracture | Conchoidal |
Mohs scale hardness | 7.5–8 |
Luster | Vitreous |
Streak | White |
Diaphaneity | Transparent to opaque |
Specific gravity | Average 2.76 |
Optical properties | Uniaxial (−) |
Refractive index | nω = 1.564–1.595, nε = 1.568–1.602 |
Birefringence | δ = 0.0040–0.0070 |
ခရမ်းလွန်ရောင်ခြည် fluorescence | None (some fracture-filling materials used to improve emerald's clarity do fluoresce, but the stone itself does not) |
ကိုးကား | [1] |
မြ ၊ မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သားအနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ်သောကြောင့် အလွန်ပင် ကျိုးပဲ့လွယ်လွန်းခြင်းဖြစ်သည်။ ထို့အပြင် ကျောက်သားအတွင်းတွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်သည်။
ရတနာတန်းဝင် မြကျောက်ထွက်ရှိရာ နိုင်ငံများမှာ ကိုလံဘီယာနိုင်ငံ ၊ ဘရာဇီးနိုင်ငံ ၊ ဇင်ဘာဘွေနိုင်ငံ ၊ ဇမ်ဘီယာနိုင်ငံ ၊ တန်ဇင်းနီးယားနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ ရုရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့ဖြစ်ကြသည်။ မြန်မာ့ ကျောက်မျက်ရတနာဈေးကွက် အတွင်းတွင် နာမည်ကျော်လူကြိုက်များသော သီတာမြ (ခေါ်) အရည်အသွေးအကောင်းဆုံးသောမြ များမှာ ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံများမှ အဓိက ထွက်ရှိခြင်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.