မြန်မာ ရုပ်ရှင်မင်းသမီး From Wikipedia, the free encyclopedia
မေသက်ခိုင် (၂၄ စက်တင်ဘာ ၁၉၈၉ မွေးဖွား) သည် သရုပ်ဆောင်၊ မော်ဒယ်နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ သူမသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထင်ရှားသော သရုပ်ဆောင်နှင့် မော်ဒယ်များတွင် အပါအဝင်ဖြစ်ခဲ့သည်။[1][2]
မေသက်ခိုင် | |
---|---|
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၂၄ စက်တင်ဘာ၊ ၁၉၈၉
နိုင်ငံလူမျိုး | မြန်မာ |
မိခင်ကျောင်း | အ.ထ.က(၂)လသာ |
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၄–လက်ရှိ |
အရပ် | ၅ ft ၃ in (၁.၆၀ m) |
မေသက်ခိုင်ကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အ.ထ.က(၂)လသာ တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။[3] [4]
မေသက်ခိုင်သည် ၂၀၀၄ ခုနှစ်တွင် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ရုပ်မြင်သံကြား ကြော်ငြာ ၁၅၀ ကျော်၊ ဗီဒီယိုဇာတ်ကား ၂၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်ကား ၂၀ ကျော်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[5] ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခဲ့သော အနာဂတ်ရဲ့ ကြယ်ပွင့်လေးများအမည်ရှိ ရုပ်ရှင်တွင် ကျောင်းသူ မေသက်ခိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.