From Wikipedia, the free encyclopedia
မုဒြာရဲ့ခေါ်သံ (အင်္ဂလိပ်: Mudras Calling) ဇာတ်ကားသည် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး ဇဏ်ခီ၊ လှယဉ်ကျေး နှင့် နန်းဝေဝေထွန်း(ဇာတ်ပို့)တို့ ပါဝင်သရုပ်ဆောင်ထားသော dramatized documentary ဇာတ်ကားတစ်ကားဖြစ်သည်။
Mudras calling | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ခရစ္စတီးနားခီ |
စာရေးသူ | ခရစ္စတီးနားခီ |
သရုပ်ဆောင် |
|
ဂီတမှူး | ဇဏ်ခီ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | အင်္ဂလိပ်၊ မြန်မာ |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ | Central Base Productions |
အမေရိကန်နိုင်ငံတွင် ကြီးပြင်းခဲ့သော မြန်မာပြည်ဖွား ဂျေဒန် (Jaden) သည် ၎င်း၏ဇာစ်မြစ်ကို ရှာဖွေရန် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ထင်မှတ်မထားသော အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ရသည်။[1] မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်သည် ၎င်း၏ ဂီတမဟာတန်းသုတေသန စာတန်းအတွက် မြန်မာ့ရိုးရာဂီတနှင့်အကကို သုတေသနပြုရန် ဇာတိမြေမြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဤတွင် ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်ဖြင့် ဘွဲ့ရထားသော နှင်းသူဇာနှင့်တွေ့ဆုံခဲ့ပြီး ဂျေဒန်၏မိဘအရင်းနှင့် ဇာစ်မြစ်ကို ရှာဖွေရန် ကူညီခဲ့သည်။ ဂျေဒန်၏ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းသော ဒေသခံများ၏ နေထိုင်မှုပုံစံများ၊ တွေ့မြင်ရခဲသော မြန်မာပြည်၏ အလှအပများကို ထင်ဟပ်စေသော ဇာတ်ကားတစ်ကားဖြစ်သည်။ [2]
ခုနှစ် | ဆုအမည် | ဆုအမျိုးအစား | မှတ်ချက် |
---|---|---|---|
၂၀၁၇ | Mexico International Film Festival 2017 | Silver Palm Award | ဆုရရှိ |
၂၀၁၇ | International Student Newcomer Woman Film Festival (ISENMA) 2017 | Platinum Award | ဆုရရှိ |
၂၀၁၈ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ရုပ်ရှင်ဇာတ်ကားဆု
(Central Base ရုပ်ရှင်ထုတ်လုပ်ရေး) |
ဆန်ကာတင် |
ရုပ်ရှင်ဒါရိုက်တာဆု | ဆန်ကာတင် | ||
ရုပ်ရှင်ဇာတ်ညွှန်းဆု | ဆန်ကာတင် | ||
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.