မုတ္တမမြို့
From Wikipedia, the free encyclopedia
မုတ္တမ သည် မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံခရိုင်၌ တည်ရှိသော မြို့တစ်ခုဖြစ်သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၏ အနောက်မြောက်၊ နှစ်မိုင်နီးပါးခန့်အကွာတွင် တည်ရှိပြီး သံလွင်မြစ်ကခြားထားသော ကျေးရွာတစ်ရွာဖြစ်သည်။
Mottama မုတ္တမ | |
---|---|
Location in Burma | |
ကိုဩဒိနိတ်: 16°32′N 97°36′E | |
နိုင်ငံ | မြန်မာ |
ပြယ်နယ် | မွန်ပြည်နယ် |
ခရိုင် | သထုံခရိုင် |
လူဦးရေ | |
• လူမျိုး | မွန်, ဗမာ, ကရင် |
• ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
အချိန်ဇုန် | MST (UTC+6:30) |
မုတ္တမသည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ့သော မဂဒူးမင်းဆက် (ခ)ဝါရီရူမင်းဆက်ခေါ် ဟံသာဝတီပဲခူး မင်းဆက်စတင်တည်ထောင်သူ ဗညားဝါရူး (ခေါ်) ဝါရီရူးမင်း (ခရစ်နှစ် ၁၂၅၃-၁၃၀၇)(မြန်မာသက္ကရာဇ် ၆၁၄ - ၆၆၈) အုပ်စိုးခဲ့သော မင်းနေပြည်တော် ဖြစ်ခဲ့လေသည်။
ထို့အပြင် မုတ္တမသည် မြစ်ကမ်းဒေသဖြစ်သည့်အားလျော်စွာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့လည်းဖြစ်ခဲ့သည်။ ထို့ကြောင့် အနောက်နိုင်ငံသားတို့ ရောင်းဝယ်ဖောက်ကား ကျက်စားရာလည်း ဖြစ်ခဲ့ပေသည်။
မုတ္တမ စဉ့်အိုးကြီးများသည် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမတြားကျွန်းတို့အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ထိုနိုင်ငံတို့ရှိ အမျိုးသားပြတိုက်တို့တွင် မုတ္တမစဉ့်အိုးများကို ပြသထားရှိကြသည်ကို တွေ့ရသည်။