![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/91/Modern_British_LED_Traffic_Light.jpg/640px-Modern_British_LED_Traffic_Light.jpg&w=640&q=50)
မီးပွိုင့်
From Wikipedia, the free encyclopedia
မီးပွိုင့်များသည် လမ်းဆုံများ ၊ လူကူးမျဉ်းကျားများ နှင့် ယာဉ်အသွားအလာများသောနေရာများတွင် ယာဉ်တိုက်မှုအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောစီးဆင်းမှုကို ထိန်းချုပ်ရန် အတွက် အသုံးပြုသော အချက်ပြမီးဖြစ်သည်။[1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/91/Modern_British_LED_Traffic_Light.jpg/640px-Modern_British_LED_Traffic_Light.jpg)
မီးပွိုင့်များတွင် ပုံမှန်အားဖြင့် အချက်ပြသုံးမျိုးပါရှိပြီး လမ်းအသုံးပြုသူများအား အဓိပ္ပာယ်ရှိသော အချက်အလက်များကို အရောင်များ၊ မြားနှင့် စက်ဘီးပုံများ ပါဝင်သော သင်္ကေတများဖြင့် ထုတ်လွှင့်သည်။ ပုံမှန်မီးပွိုင့်တစ်ခုတွင် ပါဝင်သော အရောင်များမှာ အနီ၊ အဝါနှင့် အစိမ်းရောင်တို့ဖြစ်ပြီး အလျားလိုက် သို့မဟုတ် ဒေါင်လိုက် တပ်ဆင်ထားသည်။ ယင်းသည် နိုင်ငံတကာ စံဖြစ်သော်လည်း[2] အချို့သော နိုင်ငံများနှင့် ဒေသများတွင် မီးပွိုင့်အစီအစဉ်များနှင့် ဥပဒေကြောင်းအရ မူကွဲများလည်း ရှိသည်။
မီးပွိုင့်စနစ်ကို ယဉ်ကြောထိန်းသိမ်းရာတွင် ယဉ်ထိန်းအရာရှိများလိုအပ်ချက်ကို လျော့ချရန် ရည်ရွယ်၍ လန်ဒန်မြို့ လွှတ်တော်ရင်ပြင်တွင် ၁၈၆၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခဲ့သည်။[3] ထိုအချိန်မှစကာ မီးပွိုင့်နည်းပညာသည် လျှပ်စစ်စနစ်နှင့် ကွန်ပျူတာထိန်းချုပ်စနစ်များဖြင့် တိုးတက်လာခဲ့သည်။[4] မီးပွိုင့်စနစ်ကို လူသွားလူလာ ထိန်းကြောင်းရန်နှင့် ယာဉ်ကြောစနစ်များ ထိန်းသိမ်းရန်နှင့် ရထားလမ်းဖြတ်သန်းမှုများကို ထိန်းသိမ်းရန်အတွက်လည်း မီးပွိုင့်စနစ်ကို အသုံးပြုသည်။