![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/92/Goodmorning_Kyatpyin_%2528_West_Mogok%2529.jpg/640px-Goodmorning_Kyatpyin_%2528_West_Mogok%2529.jpg&w=640&q=50)
မိုးကုတ်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိမြို့နယ် / From Wikipedia, the free encyclopedia
မိုးကုတ်မြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ မိုးကုတ်မြို့ဖြစ်သည်။
အချက်တိုများ မိုးကုတ်မြို့နယ်, နိုင်ငံ ...
မိုးကုတ်မြို့နယ် | |
---|---|
မြို့နယ် | |
![]() | |
![]() သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ | |
သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°55′N 96°30′E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | သပိတ်ကျင်းခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | မိုးကုတ်မြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၆၇,၁၄၉[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပိတ်ရန်
မိုးကုတ်မြို့နယ်သည် ကျောက်တောင်ထူထပ်၏။ ပေ ၇,၅ဝဝ ကျော်မြင့်သောတောင်များရှိသည်။ တောင်များမှာ လျှို၊ မြောင်၊ ချောက်များဖြင့် ပြတ်လျက်ရှိသည်။ ဤကျောက်များကား လိပ်သည်းကျောက်၊ ပုံဆောင်ထုံးကျောက်တို့ ဖြစ်၏။ ယင်းကျောက်များမှ ပတ္တမြား၊ နီလာ၊ ကျောက်နီအပြင် ဣန္ဒနီလာ၊ ဥဿဖယား၊ ဖရဲအူ၊ မျော၊ ပြောင်ခေါင်းစိမ်း၊ အညံ့ကျောက်၊ ရွှေတွင်းဝါ၊ နဂါးသွဲ့မှတ်မီး စသည်တို့ ထွက်သည်။ မိုးကုတ်မြို့နယ်တွင်းရှိ ကျပ်ပြင်မှာ ရှေးအခါက ပတ္တမြားကုမ္ပဏီ၏ ဌာနချုပ်တည်ရာ ဖြစ်သည်။