အဘူ ဘက်ကာ မိုဟာမက် ဇာကာရီးယာ ရာဇီ (ပါရှန်း: ابوبكر محمّد زکرياى رازى; အင်္ဂလိပ်: Abū Bakr Muhammad Zakariyyā Rāzī) သည် ပါရှား စွယ်စုံရပညာရှင်၊ သမားတော်၊ အဂ္ဂိရတ်ဆရာ၊ ဒဿနပညာရှင်နှင့် ဆေးပညာသမိုင်းတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ လက်တင်အမည်ဖြင့် ရာဇီး (Rhazes)[3] (သို့) ရာဇစ် (Rasis) ဟု ရေးသားကြသည်။[4][5][6] ၎င်းသည် ယုတ္တိဗေဒနက္ခတ္တဗေဒ၊ သဒ္ဒါကျမ်းများကို ပြုစုခဲ့၏ ။[7]

အချက်တိုများ ရာဇီAbūbakr Mohammad-eZakariyyā-ye Rāzīابوبكر محمّد زکرياى رازى‎, မွေးဖွား ...
ရာဇီ
Abūbakr Mohammad-e
Zakariyyā-ye Rāzī
ابوبكر محمّد زکرياى رازى
Thumb
မွေးဖွားစီအီး ၈၅၄[1]
Rey, Iran[2]
ကွယ်လွန်၉၃၂ (အသက် ၇၇၇၈) or ၉၂၅ (အသက် ၇၀၇၁) CE[2]
Rey, Iran
ခေတ်အစ္စလာမ်ရွှေခေတ်
ဒေသအစ္စလာမ် ဒဿနအဝန်းအဝိုင်း
အဓိက စိတ်ဝင်စားရာ
ဆေးပညာ, ဒဿန, အဂ္ဂိရတ်,
မှတ်သားလောက်သည့် အတွေးအကြံ
ကျောက်ရောဂါဆိုင်ရာ မှတ်စုများပထမဆုံးစတင်ရေးသားသူ၊ မျက်စိပညာရှေ့ဆောင်လမ်းပြသူ၊ ကလေးဆေးပညာဆိုင်ရာ ပထမဆုံးကျမ်းရေးသူ၊ ဇီဝ/အဇီဝ ဓာတုဗေဒတွင် ဦးဆောင်အကျိုးပြုသူ၊ ဒဿနဆိုင်ရာ လက်ရာအချို့ရေးသူ
ပိတ်ရန်

ကျယ်ပြန့်စွာတွေးခေါ်တတ်သူ ရာဇီသည် နယ်ပယ်အတော်များများကို အခြေခံကျကျ၊ ကြာရှည်ခိုင်မာသော အကျိုးပြုမှုများကို ဖော်ဆောင်ခဲ့ပြီး လက်ရေးမူပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၎င်း၏ လေ့လာစူးစမ်းမှုများ၊ ရှာဖွေတွေ့ရှိမှုများမှတစ်ဆင့် ဆေးပညာနယ်ပယ်အတွက် တိုးတက်မှုများစွာဖြစ်ပေါ်စေခဲ့သောကြောင့် ရာဇီကို မှတ်မှတ်ရရရှိကြပေသည်။[8] လေ့လာစမ်းသပ်သော ဆေးပညာကို အစောပိုင်းအားပေးထောက်ခံသူတစ်ဦးဖြစ်ကာ အောင်မြင်သည့် သမားတော်တစ်ဦးလည်းဖြစ်၏ ။ ဘဂ္ဂဒက်မြို့နှင့် 'ရေး'ဆေးရုံများတွင် အကြီးအကဲသမားတော်တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။[9][10] ဆေးပညာဆရာတစ်ဦးအနေဖြင့် နောက်ခံအမျိုးမျိုး၊ စိတ်ဝင်စားမှုအထွေထွေရှိသော ကျောင်းသားများကို စွဲဆောင်စေစားနိုင်ခဲ့ကာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အလွှာစုံမှ လူနာများကို ကုသရာ၌ စွမ်းစွမ်းတမံဆောင်ရွက်၍ အကြင်နာကြီးသောသူဟုလည်း ဆိုကြလေသည်။[11]

၁၉၁၁ နှစ်ထွက် ဘရစ်တန်နီကာ စွယ်စုံကျမ်းအရ ရာဇီသည် ခန္ဓာကိုယ် ဖွဲ့စည်းမှုနှင့် လုပ်ဆောင်မှုဆိုင်ရာ သီအိုရီ (humoral theory) ကို ပထမဆုံးကျင့်သုံးသူများထဲတွင် ပါဝင်၍ ထိုသီအိုရီဖြင့် ကူးစက်ရောဂါတစ်ခုကို အခြားကူးစက်ရောဂါတစ်ခုနှင့် ခွဲခြားရန်ဖြစ်ပြီး ရေကျောက်၊ ဝက်သက်ရောဂါတို့အကြောင်း ရှေ့ဆောင်လမ်းပြကျမ်းကို ရေးသားခဲ့သည်။[12]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.