မိုဆို လူသတ်ပွဲ
From Wikipedia, the free encyclopedia
ခရစ္စမတ်အကြို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု[1] ဟုလည်း သိကြသော မိုဆိုလူသတ်ပွဲသည် မြန်မာနိုင်ငံ ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း မြန်မာတပ်မတော် တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များပေါ်မှ လူ ၄၀ ကျော်ကို မော်တော်ယာဉ်နှင့်အတူ သတ်ဖြတ် မီးရှို့ခဲ့သည်။ တပ်မတော်သည် ကရင်နီနယ်ခြားစောင့်တပ် (KBGF) နှင့် ပထမအကြိမ် တိုက်ပွဲတွင် KBGF တပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ပြီး သေဆုံးသူများနှင့် ၎င်းတို့၏ ပစ္စည်းများ ယူင်ခဲ့ကြသည်။ နောက်တစ်ရက်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ တပ်ဖွဲ့ဝင်များသည် သူတို့ရဲ့ မော်တော်ယာဉ်တွေနှင့် ပစ္စည်းများနှင့် အတူ မီးရှို့ခံထားရသူများကို တွေ့ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း Save the Children ဝန်ထမ်းနှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။[2] ဓာတ်ဆီဆိုင်ဝန်ထမ်း ရှစ်ဦး အပါအဝင် ဒေသခံ ၁၃ ဦးသည် သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေကြောင်း KNDF က ဒီဇင်ဘာ ၂၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
မိုဆို လူသတ်ပွဲ | |
---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများ ၏ တစ်စိတ်တစ်ပိုင်း | |
နေရာ | မိုဆိုရွာ၊ ဖရူဆိုမြို့နယ်၊ ကယားပြည်နယ် |
ရက်စွဲ | ၂၄ ဒီဇင်ဘာ ၂၀၂၁ |
သေဆုံးသူဦးရေ | ၄၄
|
ပြစ်မှုကျူးလွန်သူများ | တပ်မတော် (ကြည်း) |
ဤဖြစ်ရပ်ကို ကုလသမဂ္ဂ ၊ Save the Children နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တို့က ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။