မိုက်ဆီးနီးယန် ဂရိ (အင်္ဂလိပ်: Mycenaean Greece or Mycenaean civilization) သည် ရှေးခေတ်ဂရိနိုင်ငံ ကြေးခေတ်ကာလ၏ နောက်ဆုံးကာလတစ်ခုဖြစ်၍ ဘီစီ ၁၆၀၀-၁၁၀၀ ဝန်းကျင်ခန့်အထိ သက်တမ်းရှိခဲ့သည်။ ကျယ်ဝန်းသော ပြည်နယ်ဒေသများ၊ မြို့ပြ လူမှုအဖွဲ့အစည်းများ၊ အနုပညာလက်ရာများနှင့် စာရေးနည်းစနစ် စသည်တို့နှင့်အတူ ဂရိပြည်မကြီးတွင် ပထမဆုံးသော ခေတ်မီ၍ သိသာကွဲပြားသည့် ယဉ်ကျေးမှုတစ်ရပ်ကိုလည်း ကိုယ်စားပြုဖော်ပြနိုင်သည်။[1][2] အထင်ရှားဆုံးနေရာမှာ မိုက်ဆီးနီး ရှေးဟောင်းမြို့တော်ဖြစ်ပြီး အာဂိုးလစ်ကျွန်းဆွယ်တွင် တည်ရှိသည်။ အခြားထင်ရှားသောနေရာများမှာ ပိုင်းလော့စ်မြို့၊ တစ်ရင်စ်မြို့၊ ပလာပနီးဇ်ရှိ မီဒဲယာမြို့၊ အော်ခါမန်းနော့ရှ်မြို့နှင့် သီးဗာမြို့၊ ဂရိအလယ်ပိုင်းရှိ အေသင်မြို့၊ သက်စာလီအရပ်ရှိ အိုင်ယောကပ်စ်မြို့ တို့ဖြစ်ကြသည်။ မိုက်ဆီးနီးယန်နှင့် ၎င်း၏ဩဇာသက်ရောက်သော အခြေချနေထိုင်မှုများသည် အစ်ပီးရပ်စ်ဒေသ (ဂရိအနောက်မြောက်) ဒေသ[3][4]၊ မက်ဆီဒိုးနီးယားဒေသကြီး[5][6] အီးဂျီယန်ပင်လယ်မှ ကျွန်းများ၊ အနာတိုလီယား ကမ်းရိုးတန်း၊ လာဗန့်ဒေသ၊[7] ဆိုက်ပရပ်စ်နိုင်ငံ[8] နှင့် အီတလီ[9] တို့တွင် ဖြစ်ကြသည်။
အခြားအမည်များ | မိုက်ဆီးနီးယန် ယဉ်ကျေးမှု |
---|---|
ခေတ်ကာလ | ကြေးခေတ် |
ရက်စွဲ | c. 1600 – c. 1100 BC ဘီစီ ၁၆၀၀ – ဘီစီ ၁၁၀၀ ဝန်းကျင်ကာလများ |
အစွဲပြုပေးသောနေရာ | မိုက်ဆီးနီး (Mycenae) |
အဓိကနေရာ | ပိုင်းလော့စ်၊ တစ်ရင်စ်၊ မီဒဲယာ၊ အော်ခါမန်းနော့ရှ်၊ အိုင်ယောကပ်စ် |
ထူးခြားလက္ခဏာများ |
|
ယခင် | မစ်နိုးယန် ယဉ်ကျေးမှု |
ဆက်ခံ | ဂရိ အမှောင်ခေတ် |
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.