ဗြိတိသျှလူမျိုး တိဗက် ဗုဒ္ဓဘာသာ ပညာရှင် From Wikipedia, the free encyclopedia
မိုက်ကယ် အဲရစ် (Michael Vaillancourt Aris) (၂၇ မတ်လ ၁၉၄၆ – ၂၇ မတ်လ ၁၉၉၉) သည် ဘူတန်လူမျိုးများ၊ တိဗက်လူမျိုးများ နှင့် ဟိမဝန္တာ တောင်တန်းဒေသနေလူမျိုးတို့၏ ယဉ်ကျေးမှု နှင့် ၎င်းတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်မှု စသည့် စာအုပ်များကို လေ့လာရေးသားသူဖြစ်သည်။ မိုက်ကယ်အဲရစ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သည်။ မိုက်ကယ်အဲရစ်သည် ခရစ်ယာန် ဘာသာဝင်တစ်ဦး[ကိုးကားချက်လိုသည်]ဖြစ်ပြီး တက္ကသိုလ်တွင်လည်း အရှေ့တိုင်းနှင့်ပါဠိဘာသာ သုတေသနပညာရှင် ပါမောက္ခ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါဠိဘာသာ အရှေ့တိုင်းယဉ်ကျေးမှုအတွက်လေ့လာရင်း အိမ်ထောင်ကျသည်။ အိမ်ထောင်ကျပြီးနောက် ဘူတန်နိုင်ငံတွင် သွားရောက် နေထိုင်ကြသည်။ ရေးသားပြုစုခဲ့သော နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်း အများအပြားရှိသည်။ လက်ရှိ ဘူတန်ဘုရင်သည် ဒေါက်တာ မိုက်ကယ်အဲရစ်၏တပည့်ဖြစ်သည်။
ဒေါက်တာမိုက်ကယ် အဲရစ် | |
Michael Aris | |
၂၇ မတ် ၁၉၄၆ - ၂၇ မတ် ၁၉၉၉ | |
|
|
ကိုယ်ရေး အချက်အလက် | |
အမည်ရင်း | Michael Vaillancourt Aris |
မွေးရက် | ၂၇ မတ် ၁၉၄၆ |
မွေးရပ်ဇာတိ | ဟာဗာနား ကျူးဘား |
လူသိများခြင်း | မြန်မာနိုင်ငံ လူထုခေါင်းဆောင်၏ ခင်ပွန်း |
ကြင်ဖော် | ဒေါ်အောင်ဆန်းစုကြည် |
သားသမီး | Alexander Aris(or) မောင်မြင့်ဆန်းအောင်၊ Dannian kim Arundel(or)မောင်ထိန်လင်း |
ကွယ်လွန်ရက် | ၂၇ မတ် ၁၉၉၉ |
ကွယ်လွန်ရာဒေသ | အောက်စ်ဖို့ အောက်စ်ဖို့ရှိုင်းရား အင်္ဂလန် |
လက်မှတ် |
အဲရစ် ကို ကျူးဘား နိုင်ငံ၊ ဟာဗားနားမြို့ တွင်မွေးဖွားခဲ့သည်။ အနောက်ဆက်ဇက်ရှိ ဝေါ့တ်ကျောင်းတွင် ပညာသင်ယူခဲ့ပြီး၊ ခေတ်သစ်သမိုင်းဘာသာရပ်ဖြင့် ဒါဟမ် တက္ကသိုလ်မှ ၁၉၆၇ တွင် ဘွဲ့ရခဲ့သည်။ အဲရစ်သည် ၆ နှစ်လုံးလုံး သီးသန့်ကျောင်းဆရာအဖြစ် ဟိမဝန္တာတော်ဝင် မိသားစု၏ ကလေးများကို သင်ကြားပို့ချခဲ့သည်။
အဲရစ်သည် အောက်စ်ဖို့ စိန့်ဂျွန်းကောလိပ် တွင် အာရှသမိုင်း သုတေသန လေ့လာသူ နှင့် သင်ကြားပို့ချသူ တစ်ဦးဖြစ်ပြီး အောက်စ်ဖို့တက္ကသိုလ်လက်အောက်ရှိ စိန့်အန်တိုနီကော်လိပ်တွင်လည်း သင်ကြားပို့ချခဲ့သည်။ သူ မကွယ်လွန်ခင်အချိန်အထိ အောက်စဖို့ တက္ကသိုလ်တွင် တိဗက်နှင့် ဟိမဝန္တာ ဘာသာရပ်များကို လေ့လာဆည်းပူးနိုင်ကြရန် ထူထောင် ကူညီပေးခဲ့သည်။
အဲရစ်၏ အမွှာညီအကိုဖြစ်သည့် အန်တိုနီ အဲရစ်သည်လည်း တိဗက်ဆိုင်ရာသုတေသီ တစ်ယောက်ဖြစ်လာခဲ့ပြီး၊ ခေတ်သစ် စာပေပရိသတ်သို့ထံ တိဗက်သမိုင်း နှင့် ယဉ်ကျေးမှုစာပေရပ်များကို ထုတ်ဝေခဲ့ပြီး၊ စရင်ဒီယာ ပုံနှိပ်ထုတ်ဝေခြင်းကို တည်ထောင်ခဲ့သူဖြစ်သည်။
၁၉၇၂ နှစ်ခုတွင် အဲရစ်သည် ကောလိပ်တွင် ကျောင်းတက်ရင်းတွေ့ဆုံခဲ့သည့် အောင်ဆန်းစုကြည် နှင့် လက်ထပ်ခဲ့သည်။ ဘူတန်နိုင်ငံတွင် တစ်နှစ်ခန့်နေပြီးနောက်၊ အောက်စဖို့မြောက်ဘက်တွင် အခြေချနေထိုင်ခဲ့ကြပြီး၊ သားနှစ်ယောက်ဖြစ်သည့် အလက်ဇန္ဒား အဲရစ် (မောင်မြင့်ဆန်းအောင်) နှင့် ကင်မ် အဲရစ် (မောင်ထိန်လင်း) တို့ကို မွေးဖွားခဲ့သည်။ ထိုကာလတွင် သူသည် အရှေ့ပိုင်း နှင့် အာဖရိက ဆိုင်ရာသင်ကြားပို့ချသည့်၊ လန်ဒန်တက္ကသိုလ်တွင် သင်ကြားဆည်းပူးပြီး၊ ၁၉၇၈ တွင် တိဗက်ပညာရပ်ဖြင့် ဒဿနိကဗေဒ ဒေါက်တာဘွဲကို ရရှိခဲ့သည်။ [1]၁၉၈၈ တွင် စုကြည်သည် ရန်ကုန်ရှိ မိခင်အား ပြုစုရန် ပြန်သွားခဲ့သော်လည်းမရည်ရွယ်ဘဲ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုများတွင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ စိန့်ဂျွန်းကောလိပ်မှ ကာလရှည် ကျောင်းပိတ်ရက်ခွင့်အား အဲရစ်အတွက် တိုးပေးခဲ့ပြီး၊ သူ၏ ဇနီးရည်မှန်းချက်များပံ့ပိုးပေးနိုင်ရန် အထောက်အပံ့ငွေကြေးများ အပြည့် ထောက်ပံ့ပေးခဲ့သည်။
၁၉၉၇ တွင် အဲရစ်သည် ဆီးကျိတ်ကင်ဆာ ကုသမှုခံယူနေရပြီး၊ ကုသမရနိုင်သည့် အဆင့်ရောက်ခဲ့သည်။ နိုင်ငံပေါင်းများစွာ၊ အဖွဲ့အစည်းများစွာ နှင့် လူပုဂ္ဂိုလ်အသီးသီးတို့မှ၊ အမေရိကန်နိုင်ငံတော် အစိုးရ နှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူး ကိုဖီအာနန်၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ (ဒုတိယ) တို့အပါအဝင် မြန်မာစစ်အစိုးရထံ ဒေါက်တာ အဲရစ်အား ပြည်ဝင်ခွင့် ဗီစာပေးရန် တောင်းဆိုခဲ့ကြသည်။
မြန်မာစစ်အစိုးရမှ သူ့အား ပြည်ဝင်ခွင့်ဗီဆာ မပေးခဲ့ဘဲ၊ ၎င်း၏ ကျန်းမာရေးအား ဂရုပြုပေးရန် အထောက်အပံ့ပစ္စည်းများ မရှိဟု ဆိုကာ ပယ်ချခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်မှ ထွက်၍ အဲရစ်ဆီသို့ သွားလည်ရန် တိုက်တွန်းခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှ ခတ္တလွတ်မြောက်နေသော်လည်း၊ တိုင်းပြည်မှ ထွက်ခွာရန် ငြင်းဆိုခဲ့ရခြင်းမှာ၊ စစ်အစိုးရမှ သူ့အားပြည်ဝင်ခွင့် ပြန်လည်ပေးမည်ဆိုသည်ကို မယုံကြည်သောကြောင့်ဖြစ်သည်။ [2]
အဲရစ်သည် ၁၉၉၉ ခုနှစ် သူ၏ ၅၃ နှစ်မြောက် မွေးနေ့တွင် အောက်စ်ဖို့၊ ယူနိုက်တက် ကင်းဒမ်းတွင် ကွယ်လွန်ခဲ့သည်။[3]၁၉၈၉ခုနှစ်နောက်ပိုင်း၊ သူ၏ ဇနီး ပထမဦးဆုံး နေအိမ်အကျယ်ချုပ် ချခံရပြီးနောက်ပိုင်းတွင် ၊ ဇနီးမောင်နှံ တွေ့ဆုံခွင့် ၅ ကြိမ်ရခဲ့ပြီး၊ နောက်ဆုံး တွေ့ခွင့်ရခဲ့သည့် နှစ်မှာ ၁၉၉၅ ခုနှစ် ခရစ္စမတ်ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.