မာဆေးမြို့
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
မာဆေးမြို့သည် (ပြင်သစ်: Marseille) ပြင်သစ်နိုင်ငံတွင် ပါရီမြို့ ပြီးလျှင် ဒုတိယ အကြီးဆုံး မြို့ကြီးတစ်မြို့ဖြစ်၏။ မြေထဲပင်လယ်မှ ကွေ့ဝင်သွားသော လိုင်းယန်းပင်လယ်ကွေ့ပေါ်တွင် တည်ရှိ၍ ရုန်းမြစ်ဝ၏ အရှေ့ဘက် ၂၇ မိုင် ကွာဝေးသည်။ မြောက်ဘက်အနည်းငယ် ကွာလှမ်းသော နေရာတွင် မာဆေးရုန်းတူးမြောင်းအားဖြင့် ရုန်းမြစ် နှင့် ဆက်စပ်လျက်ရှိ၏။ မာဆေးမြို့ဆိပ်ကမ်းသည် ပြင်သစ်နိုင်ငံ တွင်သာမက မြေထဲပင်လယ် တစ်လျှောက်တွင်ပါ အကောင်းဆုံး ဆိပ်ကမ်းဖြစ်သည်။ သဘာဝအားဖြင့် အသင့်အတင့် ကောင်းမွန်သော ဆိပ်ကမ်းဟောင်းကို ၁၈၅ဝ ပြည့်နှစ်က တိုးချဲ့ပြုပြင်ထားခဲ့သည်။ မာဆေးဆိပ်ကမ်းတွင် ကမ္ဘာအရပ်ရပ်မှ အတ္တလန္တိတ် သမုဒ္ဒရာ၊ ဂျီဗရောတား ရေလက်ကြား၊ ဆူးအက်တူးမြောင်း၊ မြေထဲ ပင်လယ်တို့ကို ဖြတ်သန်းလာသော သင်္ဘောပေါင်း တစ်နှစ်လျှင် ၄၅ဝဝ မျှလာရောက်ဆိုက်ကပ်သဖြင့် အလွန်ပင် စည်ကားပေသည်။ မာဆေးမြို့ ပုံသဏ္ဌာန်မှာ လခြမ်းပုံဖြစ်၍ ဆိပ်ကမ်းဟောင်း ကိုပတ်၍ တည်ထား၏။ ထိုမြို့ရှိ ရှေးဟောင်းအဆောက်အအုံများအနက် နိုထရာဒမ်ဒလာဂဒ် ဘုရားရှိခိုကျောင်း၊ စိန်ဗစ်တာဘုရား ရှိခိုးကျောင်းနှင့် စန်မာရီဘုရားရှိခိုးကျောင်းကြီးတို့သည် ထင်ရှားသော အဆောက်အအုံများဖြစ်၏။
မာဆေးမြို့ | |||
---|---|---|---|
Prefecture and commune | |||
| |||
ဆောင်ပုဒ်: Actibus immensis urbs fulget massiliensis "The city of Marseille shines from its great achievements" | |||
Location within Provence-A.-C.d'A. region Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/France Provence-Alpes-Côte d'Azur" သည် မတည်ရှိနေပါ. | |||
ကိုဩဒိနိတ်: 43°17′47″N 5°22′12″E | |||
နိုင်ငံ | ပြင်သစ်နိုင်ငံ | ||
ဒေသ | Provence-Alpes-Côte d'Azur | ||
Department | Bouches-du-Rhône | ||
Arrondissement | Marseille | ||
Canton | 12 cantons | ||
Intercommunality | Aix-Marseille-Provence | ||
အစိုးရ | |||
• မြို့တော်ဝန် (since ၁၉၉၅) | Jean-Claude Gaudin (LR) | ||
ဧရိယာ1 | ၂၄၀.၆၂ စတုရန်းကီလိုမီတာ (၉၂.၉၀ စတုရန်းမိုင်) | ||
• မြို့ပေါ် (၂၀၁၀) | ၁၇၃၁.၉၁ စတုရန်းကီလိုမီတာ (၆၆၈.၆၉ စတုရန်းမိုင်) | ||
• မြို့ပြကြီး (၂၀၁၀) | ၃၁၇၃.၅၁ စတုရန်းကီလိုမီတာ (၁၂၂၅.၃၀ စတုရန်းမိုင်) | ||
လူဦးရေ (၂၀၁၃ ဇန်[1])2 | ၈၅၅၃၉၃ | ||
• အဆင့် | 2nd after Paris | ||
• သိပ်သည်းမှု | ၃၆၀၀/km၂ (၉၂၀၀/sq mi) | ||
• မြို့ပေါ် (၂၀၁၄) | ၁,၅၇၈,၄၈၄[2] | ||
• မြို့ပြကြီး (၂၀၁၁ ဇန်) | ၁,၈၃၁,၅၀၀[3] | ||
Demonym(s) | Marseillais (French) Marselhés (Occitan) Massiliot (ancient) | ||
အချိန်ဇုန် | CET (UTC+1) | ||
• နွေရာသီ (DST) | CEST (UTC+2) | ||
INSEE/Postal code | 13055 /13001-13016 | ||
Dialling codes | 0491 or 0496 | ||
ဝက်ဘ်ဆိုဒ် | marseille.fr | ||
1 French Land Register data, which excludes lakes, ponds, glaciers > 1 km² (0.386 sq mi or 247 acres) and river estuaries. 2 Population without double counting: residents of multiple communes (e.g., students and military personnel) only counted once. |
မာဆေးဆိပ်ကမ်းသည် ဆိုခဲ့သည့်အတိုင်း ပြင်သစ်နိုင်ငံနှင့် မြေထဲပင်လယ်တွင် အကြီးဆုံးဆိပ်ကမ်း ဖြစ်သည့်အလျောက် ကုန် သွယ်မှု အထူးဖွံ့ဖြိုး ကောင်းမွန်၏။ မာဆေးမြို့သည် စက်မှုလက်မှု အထူးဖွံ့ဖြိုး ကောင်းမွန်၏။ မာဆေးမြို့သည် စက်မှုလက်မှု ကုန် ပစ္စည်းထုတ်လုပ်သော မြို့ဖြစ်၏။ ကုန်ကြမ်းပစ္စည်း၊ ကျောက်မီး သွေး၊သံနှင့် ဆပ်ပြာလုပ်ငန်းအတွက် ဆီတို့ကိုတင်သွင်းသည်။ မာဆေးမြို့တွင် ဆပ်ပြာလုပ်ငန်းသည်ကြီးကျယ်၏။ နာမည်ကျော် မာဆေးဆပ်ပြာများကို ပြုလုပ်၏။ မာဆေးမြို၏ အခြားထွက်ကုန် များမှာ သံနှင့်ကြေးထည် ပစ္စည်းများ၊ စက်ကိရိယာများ၊ အုတ်ကြွပ်၊ ဖန်ထည်၊ မီးရထားစက်ခေါင်း၊ မော်တော်ကားများ၊ ဖယောင်းတိုင်၊ မာကရိုနီ၊ သကြား၊ ဓာတ်ဆီ၊ မီးခြစ် အစရှိသည်တို့ဖြစ်၏။
မာဆေးမြို့ရှိ လူဦးရေမှာ ခန့်မှန်းခြေ၈၅၂,၃၉၅ ယောက်ဖြစ်၏။ မာဆေးမြို့သည် ပြင်သစ်နိုင်ငံ၌ ရှေးဦးတည်သောမြို့များ တွင် အပါအဝင်ဖြစ်၏။ မာဆေးမြို့ကို ဘီစီ ၆ဝဝ ခန့်က အာရှမိုင်းနားနယ်၊ ဖိုးစီးယမြို့က ဂရိလူမျိုးများက တည်ထောင်ခဲ့၏။
ရှေးအခါက မာဆေးလီယာဟုတွင်၍ ဆိပ်ကမ်းဟောင်းနေရာတွင် တည်ရှိ၏။ မာဆေးလီယာသည် ရှေးကျသောဆိပ်ကမ်းမြို့ဖြစ်လျက် ရောင်းဝယ်ဖောက်ကားမှု ဖွံ့ဖြိုးကောင်းမွန်ပြီးလျှင် ဂရိယဉ်ကျေးမှု၏ အချက်အချာဒေသလည်း ဖြစ်ခဲ့၏။ ရောမနှင့် ကားသေ့ စစ်ဖြစ်ပွား စဉ်က ရောမဘက်မှ ပါဝင်တိုက်ခိုက်ခဲ့၏။ ဘီစီ ၄၉ ခုနှစ်တွင် မာဆေးလီယာမြို့ကို ဂျူးလိယပ်ဆီဇာ သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ ခရစ် ၁၅၇၅ ခုနှစ်တွင် တတိယ ဟင်နရီဘုရင်သိမ်းပိုက်သည့် တိုင်အောင် မကြာခဏပင် တိုင်းတစ်ပါးတို့၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။ ပြင်သစ်တော်လှန်ရေးဖြစ်ပွားစဉ်က မာဆေးမြို့တွင် သွေးထွက်သံယို တိုက်ခိုက်ပွဲများ ဖြစ်ပွားခဲ့၏။ ပြင်သစ်အမျိုးသား သီချင်း 'လာမာဆလေ့' သည် မာဆေးမြို့မှ တော်လှန်ရေးတပ်သားများ စတင်သီဆိုသောကြောင့် ယင်းအမည်ကို ရရှိခဲ့ခြင်းဖြစ်၏။ ဒုတိယကမ္ဘာစစ်အတွင်းက မာဆေးဆိပ်ကမ်းသည် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခြင်း ခံခဲ့ရ၏။ ဂျာမန်တို့လက်တွင် ကျရောက်နေခဲ့စဉ်က ဆိပ်ကမ်းဟောင်းနှင့် အနီးတစ်ဝိုက်ရှိ အဆောက်အအုံများ ဖျက်ဆီး ခြင်း ခံခဲ့ရသည်။ မာဆေးမြို့မှာမူကား ဗုံးဒဏ်အပြင်းအထန် မခံရပေ။ အမေရိကန်တို့ ဝင်ရောက်သောအခါ မြို့သည် ထပ်မံ ပျက်စီးပြန်လေသည်။ [4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.